04 (unicode)

2.6K 341 11
                                    

အိမ်တွင်းရန်ပွဲတွေက တစ်နေ့ထက်တစ်နေ့ပိုပိုဆိုးလာတယ်။ အဖေနဲ့အမေက သူတို့ကျောင်းကနေ အိမ်ပြန်ရောက်ချိန်ထက်စောရောက်နေပြီး သူ့အမှား ကိုယ့်အမှားကို တစ်ယောက်တခွန်း အနိုင်မခံအရှုံးမပေးနဲ့ အော်ဟစ်ပြောဆိုနေကြတယ်။ အမှားတွေကများလွန်းနေတာကြောင့် ဘယ်သူကမှားပြီး ဘယ်သူကတကယ်မှန်လဲဆိုတာ သူတို့တွေမဆုံးဖြတ်နိုင်ဘူး။

အမေကမိဘတွေနဲ့အတူနေစဉ်က ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်ဘဝနဲ့ သူဌေးသမီးလေးဖြစ်ခဲ့တာ။ အဲ့ဒီမာန်တွေက ကလေးအမြွှာနှစ်ယောက်မွေးပြီးတဲ့အထိမကျသေးဘူး။ အခုလည်း ယောက်ျားနဲ့ရင်ဘောင်တန်းပြီး မိဘပိုင်ကုမ္ပဏီတစ်ခုကိုဦးစီးဦးဆောင်ပြုနေတော့ အရာရာကိုသူမသဘောအတိုင်း ဖြစ်ချင်တဲ့စိတ်ကများတယ်။

အဖေကအရင်တုန်းက အမေ့ရဲ့အဖေတို့ကုမ္ပဏီက ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး အခုချိန်မှာ ကိုယ်ပိုင်ဝင်ငွေရှာနိုင်နေပြီဆိုပေမယ့်လည်း အမေကတော့ အဖေ့အပေါ် အိမ်ထောင်ဦးစီးတစ်ယောက်လို မရိုကျိုးဘူး။ အရင်ကအငွေ့အသက်တွေကျန်နေပြီး အဖေ့ကိုအသုံးမကျတဲ့လူတစ်ယောက်လို့သာထင်နေတယ်။ အဖေလည်း သူ့အစွမ်းအစနဲ့သူ ကုမ္ပဏီထောင်ထားတယ်ဆိုပေမယ့် အမေကအဖေ့ရဲ့အရည်အချင်းကိုလက်မခံချင်။ လင်မယားနှစ်ယောက်က တော်လွန်းတတ်လွန်းပြီး အရာရာယှဉ်ပြိုင်နေကြလို့လည်း အိမ်ထောင်ရေးကအခုလိုအဆင်မပြေတာဖြစ်မည်။

အခုလည်း အမေ့ရဲ့အရင်ရည်းစားကိစ္စနဲ့ စကားများနေကြတယ်။ အဲ့ဒီလူက အရင်တည်းကအမေ့ကိုကြိုက်နေတဲ့လူဖြစ်ပြီး အခုထိစိတ်မပြတ်သေးဘူးဆိုတာ အဖေရဲ့ဒေါသတကြီးပြောနေတဲ့စကားတွေထဲကနေ သိလိုက်ရတယ်။ အမေကလည်း ခေါင်းငုံ့မခံပဲ အဖေ့ရဲ့အတွင်းရေးမှူးနဲ့အဖေရှုပ်နေတဲ့အကြောင်းတွေကို စီကာပတ်ကုံးပြောလေတယ်။ ဒါပေမယ့်လည်း အဖေကအဲ့ဒါကိုအမှန်မဟုတ်ဘူးလို့ ငြင်းဆိုနေတယ်။

အရှုပ်အထွေးကြီးလို့ခံစားလာရတဲ့အချိန်မှာတော့ ကျွန်တော့်ရဲ့ခေါင်းတစ်ခုလုံးအုံခဲလာတယ်။ ဒီရန်ပွဲကြီးကဘယ်တော့မှအဆုံးသတ်နိုင်မှာလဲ။ ဘေးကိုလှည့်ကြည့်လိုက်တော့ မျှော်လင့်ချက်မဲ့တဲ့မျက်ဝန်းတွေနဲ့ ရန်ပွဲကိုငေးကြည့်နေတဲ့ရှောင်းကျန့်ကိုတွေ့လိုက်ရတယ်။ ကျွန်တော့်ထက်ပိုပြီး ရှောင်းကျန့်က မိသားစုပျော်ရွှင်စည်းလုံးဖို့ကိုလိုချင်တာဖြစ်တယ်။ ရှောင်းကျန့်ရဲ့ရင်ထဲကအပူမီးတွေကိုတော့ မျက်ဝန်းထဲကတဆင့်ခံစားလိုက်ရတော့ နွေးထွေးမှုတစ်စုံတစ်ရာပေးဖို့အတွက် သူ့လက်သေးသေးလေးကိုကိုင်ဆွဲလို့ အိမ်အပေါ်ထပ်ကို တက်လာလိုက်တော့တယ်။

TWIN (Sean × Xiao)Hikayelerin yaşadığı yer. Şimdi keşfedin