18 (unicode)

2K 290 21
                                    

မျက်ရည်တွေနဲ့အစပြုခဲတဲ့ခရီးက ပျော်စရာတစ်စိုးတစ်စိမျှကိုရှိမနေပါ။ လေယာဉ်ပေါ်မယ် တိမ်တွေ‌ငေးရင်း လိုက်လာမိတဲ့ကျွန်တော် ဘယ်ချိန်ကဘယ်လို UKကိုခြေချမိမှန်းတောင်မသိပေ။ လက်ပတ်အနီလေးကိုပဲ ခပ်ဖွဖွပွတ်သပ်ရင်း စိတ်အစုံက မျက်ခမ်းစပ်တွေနီနေတဲ့ အညိုရောင်မျက်ဝန်းဆီပဲတဝဲလည်လည်။

အဆင်ပြေမှပြေရဲ့လား ရှောင်းကျန့်ရယ် ... ။
ငိုမနေစေချင်ဘူး။

" သား Sean ... ဒါ အန်တီစီလာ၊ ဟိုမယ် သူ့သား နစ်ခ် "

ဒီနေရာမှာ မျက်နှာစိမ်းတွေပဲ တွေ့ရမယ်ထင်ခဲ့ပေမယ့် မားမှာသူမအသိတွေရှိနေလေတယ်။ အရာရာစေ့စပ်လွန်းတဲ့မားက အဲ့ဒါကြောင့်ပဲ UKကိုရွေးခဲ့တာထင်တယ်။ စီးပွားရေးလုပ်ငန်းတွေပါရှိနေမလားမသိပေမယ့် မားဟာကျွန်တော့်ကို ဒါတွေနဲ့ပတ်သက်လို့ ဘာတစ်ခွန်းမှမပြောခဲ့ပါ။

ပြုံးမပြနိုင်တဲ့အ‌ခြေအနေဖြစ်နေသော်ငြား လူမှုရေးဆက်ဆံမှုတွေကြောင့် ပြုံးပြပြီးလက်ကမ်းလို့နှုတ်ဆက်ရပြန်တယ်။ အပြုံးချိုချိုလေး‌နဲ့ အနောက်တိုင်းအလှကြွယ်နေတဲ့အန်တီစီလာက ကျွန်တော့်လက်ကို လက်နှစ်ဖက်နဲ့အုပ်ကိုင်လို့ တရင်းတနှီးနှုတ်ဆက်လေတယ်။ နစ်ခ်ကတော့ ခပ်တည်တည်လေးပဲ Hiလို့သာ တခွန်းဆိုတယ်။

" စီလာက ငါ့ပါတနာလေ "

နားနားကပ်ပြီးတိုးတိုးလေးပြော‌တဲ့မားက ကျွန်တော်တခါမှမမြင်ဖူးတဲ့ ခပ်လက်လက်အပြုံးတစ်ပွင့်နဲ့။ ထွေထွေထူးထူးတော့အံ့ဩမနေပါဘူး မားကိုနောက်အိမ်ထောင်ထပ်ပြုမယ်လို့ အရင်တည်းကတွေးထားမိပေမယ့် အဲ့ဒီအိမ်ထောင်က မိန်းကလေးနဲ့ဖြစ်နေမယ်လို့ပဲ မထင်ခဲ့မိတာ။

ဒါဆို ပါးအရင်တုန်းက မားကိုစွပ်စွဲနေတတ်တဲ့ 'မင်းအရင်ရည်းစားဆိုတာ အန်တီစီလာများလား?!'။ ဒါကိုသာရှောင်းကျန့်သိရင် ဘယ်လောက်အံ့ဩလိုက်မလဲ။

ရှောင်းကျန့်လို့တွေးလိုက်မိတော့ လူကချက်ချင်းနုံးကျသွားသလိုပဲ။ ထွက်လာတာ တစ်ရက်တောင်မပြည့်သေးဘူး။ လူကလွမ်းနာကျနေရပြီ။

" ပေး ... ကျွန်တော်သယ်မယ် "

တရုတ်လိုပီပီသသပြောလာတဲ့နစ်ခ်က လက်ထဲက Luggageကိုယူလို့ ကားနောက်ဖုံးထဲထည့်တယ်။ အရင်စိတ်မျိုးနဲ့သာဆို တရုတ်စာဘယ်လိုတတ်လဲ ဒီလောက်ပီပီသသကြီး ပြောတတ်တယ်ပေါ့ဘာညာနဲ့ စကားဖောင်ဖွဲ့နေမိဦးမှာဆိုပေမယ့် အခုကျ နည်းနည်းလေးတောင် စကားမပြောချင်ဘူး။

TWIN (Sean × Xiao)Where stories live. Discover now