ကောင်မလေးက ဘာမှမထိခိုက်သွားလို့တော်တော့သည်။ မဟုတ်ရင် ရှောင်းကျန့်မျက်နှာပေါ်ကစိတ်ပူရိပ်တွေကိုမြင်ရတာ ကျွန်တော့်အတွက်အဆင်မပြေပါ။ ဆေးခန်းလိုက်ပို့ပေးမယ်ပြောတော့ ကောင်မလေးကငြင်းတာနဲ့ ရှောင်းကျန့်ကနီးစပ်ရာဆိုင်တစ်ဆိုင်မှာ အအေးလိုက်တိုက်မယ်လို့ပြောလိုက်တယ်။
ရှုပ်ရှုပ်ယှက်ယှက်တွေလို့ ကျွန်တော့်ပါးစပ်ကလွှတ်ခနဲထွက်သွားတော့ ကောင်မလေးကအားနာသလိုပြုံးတယ်။ ရှောင်းကျန့်ကတော့ ကျွန်တော့်လက်မောင်းကိုလက်သီးနဲ့ထိုးပြီး 'Seanကတော့လေ အပြောအဆိုဆင်ခြင်စမ်းပါ'ဆိုတဲ့ ထိုတစ်ခွန်းကို အံကြိတ်ရင်းဆိုတယ်။ ကျွန်တော်ကတော့ပုခုံးပဲတွန့်ပြလိုက်တယ် ... မတတ်နိုင်ဘူး ပါးစပ်ကသူ့အလိုလိုထွက်သွားတာ။
" ဒါနဲ့ Xiao Zhan နဲ့ Xiao Sean နော် ... နာမည်ကြီးအမြွှာပဲ၊ မထင်မှတ်ပဲဆုံရတဲ့အတွက် ဝမ်းသာပါတယ် "
" သိနေတာလား ... "
မျက်လုံးဝိုင်းဝိုင်းလေးနဲ့ နှုတ်ခမ်းလေးအသာဟနေတဲ့ရှောင်းကျန့်က အပြည့်အဝအံ့သြနေသလို။ ထိုပုံစံကိုကြည့်ပြီးတစ်ဖက်ကကောင်မလေးက တခစ်ခစ်နဲ့ရယ်နေလေတော့ ကျွန်တော့်မှာမကြည်တဲ့စိတ်တို့ကြောင့် ခေါင်းငုံ့လိုက်ပြီး ပါးစောင်ကိုသာလျှာနဲ့ထိုးနေမိတော့တယ်။
" ရှောင်းကျန့်လည်း ကျောင်းတွင်းပန်းချီပြိုင်ပွဲမှာပထမရတယ်မလား၊ ငါလည်းငါ့ကျောင်းမှာပထမပဲ ... မြို့နယ်အဆင့်မှာတွေ့ကြဦးမှာ "
" ဟာ ... တကယ်ကြီးလား၊ ငါတို့ကပြိုင်ဖက်တွေပေါ့ "
ကောင်မလေးကလက်ဝါးလေးနဲ့ပါးစပ်ကိုအုပ်ပြီး ရယ်ပြန်တယ်။ ဘာတွေဒီလောက်တောင်ရယ်နေရတာလဲ ... !
" အင်း ဒါဆို ငါသွားတော့မယ်၊ ဒီပုံအတိုင်းဆိုကျောင်းနောက်ကျတော့မယ် အအေးကတော့ နောက်မှပေါ့ "
" ခဏ ... နင့်နာမည် ဘယ်လိုခေါ်လဲ "
ဘေးလူအနေနဲ့ကြည့်နေရတဲ့အတွက် ဒီဖြစ်ရပ်ကိုအပြည့်အဝသဘောပေါက်လွယ်ပါတယ်။ ယောက်ျားလေးနဲ့မိန်းကလေး ရှက်ကိုးရှက်ကန်းအမူအယာတွေက ဘာအတွက်ကြောင့်များဖြစ်နိုင်မှာလဲ။ ရဲချင်လာတဲ့ရှောင်းကျန့်ရဲ့နားရွက်ဖျားတို့ကိုကြည့်ပြီး ငါ့အတွက်နဲ့ကျ ဘာလို့များမရဲရတာလဲလို့ ပုခုံးကကိုင်အော်ဟစ်မေးချင်စိတ်တွေပေါက်လာရတယ်။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲ ကျွန်တော်ကသူ့ညီအဖြစ်နဲ့ မွေးဖွားလာခဲ့တာကို။
VOUS LISEZ
TWIN (Sean × Xiao)
Fanfictionဘဝသက်တမ်းရဲ့သုံးပုံပုံရင်တစ်ပုံကို ကျွန်တော့်အစ်ကိုကို တိတ်တိတ်လေးချစ်ရင်း ကုန်ဆုံးခဲ့တယ်။ 『 From 21.5.2020 To 27.8.2020 』