" နစ်ခ် အမြန်လုပ် "
ပျင်းရိပျင်းတွဲအမူအယာဖြစ်နေတဲ့နစ်ခ်က ကျွန်တော့်ကိုကြည့်ပြီး နှာခေါင်းရှုံ့ပြလာတာမြင်လိုက်ပေမယ့် လူကစိတ်မဆိုးနိုင်သေးဘူး။ ကျောင်းရောက်ဖို့ပဲ စိတ်ကစောနေလေတယ်။ ရှောင်းကျန့်က ကျောင်းရောက်ရင်ဓာတ်ပုံပို့ပေးဖို့ လှမ်းပြီးစာပို့ထားတယ်။ မင်းတက်ရမယ့်ကျောင်းကို ကိုကိုကမြင်ဖူးထားချင်တယ်တဲ့ ဒီစကားတစ်ခွန်းက ဘယ်လောက်ဂရုစိုက်လဲဆိုတာသိသာလိုက်သလဲ။ အဲ့ဒီစကားတစ်ခွန်းမှာပဲ ကျောင်းတက်ဖို့စိတ်မပါတဲ့ကျွန်တော်က ချက်ချင်းတက်ကြွသွားရတာ။
" အဲ့လောက်အမြန်ရောက်ချင်လည်း မင်းဟာမင်းမောင်းသွားလိုက်တော့ Sean! ခဏခဏလောနေတော့ ငါကြည့်မရချင်တော့ဘူး "
" လမ်းတွေငါမကျွမ်းသေးတာ မင်းသိသိကြီးနဲ့ ညစ်မပြောနဲ့နစ်ခ် "
လွယ်ထားတဲ့လွယ်အိတ်ကနေဆွဲခေါ်လာပြီးတဲ့နောက် ကျွန်တော်ခွန်းတုံ့ပြန်လိုက်တော့ နစ်ခ်ကသူ့ရွှေအိုရောင်ဆံပင်တွေထဲလက်နှစ်ဖက်နဲ့ဆွဲဖွပြီး အားခနဲအော်လေတယ်။ ရုတ်တရက်မို့ ကျွန်တော်လည်းလန့်သွားပြီး နစ်ခ်ကိုမျက်လုံးပြူးပြီးကြည့်မိသွားတယ်။
" ကျောင်းပထမဆုံးရက်မှာဘယ်သူကတက်တက်ကြွကြွတက်ကြလို့လဲSeanရာ! အကိုတစ်ယောက်ရလိုက်တာ တကယ်ဒုက္ခပဲ "
ပြောလည်းပြော ကားထဲလည်းရောက်နေပြီဖြစ်တဲ့နစ်ခ်က စတီယာတိုင်ကိုကျွမ်းကျင်စွာလှည့်လိုက်ရင်း ညည်းညည်းညူညူဖြင့်ပြောလာတယ်။ ဒီအနောက်တိုင်းကောင်လေးက အပြောမဆိုမတတ်လို့ အပေါက်ဆိုးသလိုထင်ရပေမယ့် ပေါင်းလို့သင်းလို့ကမဆိုးလှဘူး။ ဒီရောက်တာနှစ်လမရှိတရှိမှာ နစ်ခ်ကိုပဲ ကျွန်တော်ကအပူကပ်နေရတာဖြစ်တယ်။ နေရာစိမ်းတွေသွားစရာရှိလာရင် နစ်ခ်ကကျွန်တော့်ရဲ့လမ်းပြဂိုက်ပဲ။
" ဘာလို့ ဒီလောက်တက်ကြွနေရတာလဲ "
နစ်ခ်ကမေးပြီးတာနဲ့ ကျွန်တော့်တစ်ကိုယ်လုံးကို အစုန်အဆန်ခပ်မြန်မြန်ဝေ့ကြည့်လာပြီး မယုံသင်္ကာဖြင့်မေးလေတယ်။ ဒီကိုရောက်တည်းက စိတ်မပါတပါကျွန်တော့်အမူအယာတွေနဲ့ရင်းနှီးနေတဲ့နစ်ခ်က အခုလိုကျွန်တော့်ရဲ့တက်ကြွတဲ့အမူအယာတွေကို စိမ်းသက်နေတဲ့ပုံပဲ။
YOU ARE READING
TWIN (Sean × Xiao)
Fanfictionဘဝသက်တမ်းရဲ့သုံးပုံပုံရင်တစ်ပုံကို ကျွန်တော့်အစ်ကိုကို တိတ်တိတ်လေးချစ်ရင်း ကုန်ဆုံးခဲ့တယ်။ 『 From 21.5.2020 To 27.8.2020 』