12 (unicode)

2.1K 305 23
                                    

တချက်ချက်နဲ့စက္ကန့်တံတွေအကြိမ်ပေါင်းများစွာ လှုပ်ရှားသွားတော့ ၃နာရီဆိုတဲ့ကြာချိန်ဟာ ခဏလေးနဲ့ကုန်လွန်သွားတယ်။ ချီတုံချတုံစိတ်တွေဟာလည်း ဒူးတွေကိုပါယိုင်နဲ့စေတဲ့အထိ။ အိမ်ပြန်ရောက်တည်းက ကုတင်ပေါ်ပဲဆန့်ဆန့်ကြီးပစ်လှဲနေမိတာ။

အခုပြန်ထလိုက်တော့ ဖိလို့ထားမိတဲ့ညာဖက်ပါးစောင်တစ်ဖက်က နာနေလေတယ်။ မှန်ရှေ့မှာရပ်ကြည့်လိုက်တော့ ပါးကြီးတင်နီရဲနေတာမဟုတ်ပဲ ညာဖက်မျက်ခွံကပါ နီရဲနေတယ်။ ရှင်းရှင်းပြောရရင် မျက်နှာရဲ့ဘယ်ဖက်တခြမ်းလုံး နီရဲနေတာ။ ဒါပေမယ့်လည်း အခုချိန်မှာ ဒီလိုကိစ္စသေးသေးလေးကို ပုံကြီးချဲ့ပြီးမတွေးနိုင်သေးဘူး။ မျက်နှာအမြန်သစ်ပစ်လိုက်ပြီး creamလေးခပ်ပါးပါးပုတ်လိုက်တော့ နီရဲနေတာကမသိသာတော့ဘူး။ တော်သေးတယ် မဟုတ်ရင်ရှောင်းကျန့်ကိုစိတ်ပူအောင် အလကားသက်သက်လုပ်နေမိဦးမှာ။

အောက်ထပ်မဆင်းခင် မိုးအုံ့လာတာမြင်လိုက်တာကြောင့် အခန်းထောင့်ကထီးအဝါလေးကိုပါ ဆွဲယူလာခဲ့လိုက်တယ်။ ရှောင်းကျန့်က မိုးမိလို့မရဘူး။ မိုးလေးနည်းနည်းမိရင် ချက်ချင်းကိုဖျားတာ။

" သားလေး ရှောင်းကျန့်ကို သွားကြိုမလို့လား "

" ဟုတ်တယ် အဒေါ်ကြီး "

" မနက်စာစားသွားဦးလေ၊ အဒေါ်ကြီး ဒီနေ့ပြင်ထားတာ
သားကြိုက်တာလေးတွေ "

" ပြန်လာမှပဲစားတော့မယ်အဒေါ်ကြီး၊ နောက်ကျနေမှာဆိုးလို့ "

ဒီအမြွှာလေးနှစ်ယောက်က ငယ်ငယ်ကတည်းက သူမလက်ထဲမှာပဲကြီးပြင်းလာတာမို့ သားအရင်းလေးတွေလိုပဲ။ မိသားစုအရေးကိုစိတ်ဝင်စားတဲ့အကြီးလေးနဲ့မတူစွာ အငယ်လေးကတော့ မိသားစုဘာဖြစ်ဖြစ် စိတ်ဝင်စားမယ့်အနေအထားမဟုတ်ဘူး။ အဒေါ်ကြီးလည်း ပြောချင်တာတွေကို အငယ်လေးSeanကိုမပြောပဲ အကြီးလေးကိုပြောဖို့ပဲဆုံးဖြတ်လိုက်တော့သည်။ မိသားစုအသိုက်အမြုံလေးက ပြိုကွဲလုနီးပါးဖြစ်နေပြီ။ ဒါပေမယ့် ကလေးတွေအင်အားနဲ့ဆိုရင်တော့ ပြန်တည်ဆောက်လို့ ရကောင်းရနိုင်တယ်။

TWIN (Sean × Xiao)Donde viven las historias. Descúbrelo ahora