ခေါင်းငုံ့ထားရာက ပြန်မမော့ရဲဘူး။ ရှောင်းကျန့်ကိုလည်းမကြည့်ရဲဘူး။ အရည်ပျော်နေတဲ့ရေခဲမုန့်ရဲ့ တစက်စက်နဲ့ကျနေတဲ့အရည်စက်တွေက မြေပြင်မှာ တစ်စက်ကနေနှစ်စက် နှစ်စက်ကနေအစက်ပေါင်းများစွာ။
ခဏနေတော့ ရှောင်းကျန့်ဆီက 'အဟင်း...'ဆိုတဲ့ သက်ပြင်းချသံလား ရယ်သံလားမသဲကွဲတဲ့အသံတစ်သံထွက်လာပြီးနောက် ရေခဲမုန့်လေးက ခုံဘေးကအမှိုက်ပုံးထဲ ရောက်သွားတယ်။ လွယ်အိတ်ထဲကနေ တစ်ရှူးထုတ်ပြီး သူ့လက်သူသုတ်နေတဲ့ရှောင်းကျန့်က သိပ်ကိုအေးဆေးတဲ့ပုံပေါ်တယ်။ လက်သည်းခွံကြည်ကြည်လေးတွေကိုကြည့်ပြီး ကျွန်တော့်စိတ်တွေလည်း ရှောင်းကျန့်လက်သည်းခွံလေးတွေလို ကြည်လင်ချင်မိတယ်။
" မင်းက ကိုကိုနဲ့နေရတာ မပျော်တော့ဘူးပဲ "
အဲ့လိုမဟုတ်ပါဘူးလို့ရှင်းပြလိုက်ချင်ပေမယ့် စကားသံတွေကစိတ်ထဲမှာပဲပျောက်ရှကုန်ပြီး အပြင်ကိုထွက်မလာနိုင်ဘူး။ မပျော်တာရှောင်းကျန့်ကြောင့်မဟုတ်ပဲ ကျွန်တော့်ခံစားချက်နဲ့ကျွန်တော်ဆိုတာ သူ့ကိုဘယ်လိုစကားတွေနဲ့ပြောပြရမလဲ။
" ကြည့်ရတာ မားကလည်း ကိုကို့ထက် မင်းကိုပိုချစ်ပုံပဲ "
ကျွန်တော့်ကိုမားချစ်ရဲ့လားဆိုတာ ကျွန်တော်မသိပါဘူး။ လမ်းတစ်လမ်းပေးလာလို့ အဲ့လမ်းကိုလျှောက်ဖို့အတွက် မားလက်ကိုတွဲလိုက်ရုံပါ။ အနာဂတ်တွေဘာတွေလည်းကြိုမတွေးထားမိဘူး။ အဲ့ဒီအနာဂတ်မှာ ရှောင်းကျန့်မရှိမှတော့ ကျိန်းသေပေါက်ကျွန်တော်မပျော်နိုင်ဘူး။ ဒါပေမယ့် ခံစားချက်တွေဆီကနေတော့ ကျွန်တော်ထွက်ပြေးနိုင်လောက်မယ်ဆိုတဲ့မျှော်လင့်ချက်ဖြင့် ... ။
" အခုတောင် မင်းကကိုကို့ကိုခွင့်ပြုချက်တောင်းနေတာမှမဟုတ်တာ၊ အသိပေးတာမလား "
ရှောင်းကျန့်အသံက ဝမ်းနည်းနေသလိုလေးပဲ။ ကျွန်တော်မော့ကြည့်မယ်လုပ်တော့ သူကကျွန်တော့်ခေါင်းကို ခပ်ဖွဖွပုတ်ပြီး အောက်ကိုပြန်ငုံ့စေတယ်။ သူ့မျက်နှာဘယ်လိုအနေအထားရှိနေမယ်ဆိုတာ ကျွန်တော်မမြင်လိုက်ရပါ။
YOU ARE READING
TWIN (Sean × Xiao)
Fanfictionဘဝသက်တမ်းရဲ့သုံးပုံပုံရင်တစ်ပုံကို ကျွန်တော့်အစ်ကိုကို တိတ်တိတ်လေးချစ်ရင်း ကုန်ဆုံးခဲ့တယ်။ 『 From 21.5.2020 To 27.8.2020 』