28

1.2K 123 14
                                    

“ အခုထိ ကိုကို ရောက်လာတာကိုမယုံနိုင်သေးဘူး ”

ဖွဖွဆုပ်ကိုင်ထားတဲ့လက်က လှုပ်လှုပ်ရှားရှားပဲ။ ရှောင်းကျန့်လက်ကို အပေါ်တစ်လှည့်အောက်တစ်လှည့်ထွေးဆုပ်နေတာဖြစ်တယ်။ မျက်နှာကို တမေ့‌တမောအကြည့်ခံလိုက်ရတာကြောင့် ရှောင်းကျန့်ကSeanရဲ့အဲ့ဒီအမူအယာကိုကြည့်ပြီး သဘောတကျပြုံးမိသွားရတယ်။

“ ချစ်တယ်လို့ပြောထားပြီးတာတောင် မယုံသေးတာလား ”

“ အားး ကိုကိုရာ။ ချစ်တဲ့စကားတွေ ထပ်စမလာပါနဲ့ ”

“ နောက်လည်းအများကြီး ကြားရဦးမှာပဲကို ”

ဆိုဖာပေါ်ဘေးချင်းယှဉ်ထိုင်နေရာကနေမှ Seanက ကျွန်တော့်ကိုကျောပေးသွားလေတယ်။ နားရွက်တွေကလည်း ထပ်နီလာတာကို တွေ့လိုက်ရပြန်တယ်။ စိတ်ကြိုက်စနောက်ပြီးတဲ့အဆုံးမှာ အဲ့ဒီနားရွက်တွေနဲ့ပါးပြင်တွေ နီ‌ရာကနေပုံမှန်အသားရောင်ကိုပြန်ရောက်အောင် ကျွန်တော်ဘယ်လောက်တောင်စောင့်လိုက်ရသလဲ။ အခုပြန်နီလာတယ်ဆိုတော့ ထပ်စောင့်ရတော့မှာလား။

“ နေသားကျအောင်လုပ်ထားတော့လေ Seanရာ။ ဒါမျိုးတွေက နောက်လည်းကြားရမှာကို ”

“ ငါနေသားမကျသေးတာမို့ မင်းကခဏခဏမပြောပါနဲ့လား။ ငါကတစ်ယောက်တည်း အကြာကြီးချစ်ခဲ့ရတဲ့ကောင်လေ။ အခုလိုဗြုန်းစားကြီး အချစ်ကိုပြန်ရရုံမက အဲ့လိုချစ်ကြောင်းတွေပါပြောနေတော့ ငါရင်ခုန်လွန်းပြီးခေါက်ခနဲ‌သေသွားရင် ဘယ်လိုလုပ်မလဲ ”

“ ကိုကိုလည်းအကြာကြီးချစ်ခဲ့ရတာပါ။ ဒါပေမယ့် ကိုကိုက Seanလိုတော့မတွေးဘူး။ ပြောခွင့်ကြုံလာတဲ့အချိန်ရောက်ပြီဆို အကုန်မြင်အောင် အကုန်သိအောင် ထုတ်ပြောပြချင်တာ ”

အဲ့ကျ ခပ်တည်တည်ရုပ်လေးနဲ့Seanက နီရဲနေတဲ့နားရွက်တွေနဲ့အတူ ကျွန်တော့်ဖက်ကိုပြန်လှည့်လာတယ်။ အဲ့ဒီနီရဲနေတဲ့နားရွက်တွေ ဘယ်တော့မှအရောင်ပြေမှာလဲလို့တွေးပြီး နားရွက်ဖျားလေးကိုလှမ်းထိလိုက်တော့ Seanကိုယ်လေးက ဆတ်ခနဲမတ်သွားတယ်။ ဒီကလေး ဘာဖြစ်ပြန်ပြီလဲ။ အရင်တုန်းကလို လွတ်လွတ်လပ်လပ်ပုံလေးမဟုတ်တော့ပဲ သတိအနေအထားနဲ့ဖြစ်နေလေတယ်။

TWIN (Sean × Xiao)Tempat cerita menjadi hidup. Temukan sekarang