Zawgyi Version
ကျောင်းသို့စောစော ထွက်လာမိသဖြင့် အခန်းထဲမဝင်သေးပဲ ကျောင်းရှေ့နားက အပင်အောက်ခုံတန်းလျားပေါ်တွင် ခနလှဲအိပ်လိုက်သည်....
ညကကောင်းကောင်းအိပ်မပျော်...မနက်ကလည်းစောစောနိုးလာသဖြင့်...ကျောင်းသို့စောစောသာထွက်လာခဲ့ခြင်းဖြစ်သည်...
မနက်ခင်းတိုက်နေသော လေတဖြူးဖြူးနှင့် ကြည်လင်သောကောင်းကင်ပြာမှာ လွန်စွာလိုက်ဖက်ပြီးလှပနေသည်....
တရေးလောက်အိပ်မယ်ဟုစိတ်ကူးကာမျက်လုံးမှိတ်လိုက်သည်....
အိပ်ပျော်ခါနီး...
Saint: 'Perth..'
ခေါ်သံကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့အပေါ်သို့ အုပ်မိုးပြီး ငုံကြည့်နေသော saintကိုတွေ့လိုက်ရသည်...
ဖြူပြီးကြည်လင်သောအသားရည်....နှုတ်ခမ်းနီဆိုးစရာမလိုအောင် ပန်းရောင်သန်းနေသော နှုတ်ခမ်းဖူးရောင်ရောင်လေး...ပါးမို့မို့လေးတွေ..လှလိုက်တာ..ယောကျာ်းလေးတစ်ယောက်က အဲ့လောက်ထိ ကြည့်ကောင်းနေစရာလိုလို့လား.....
Perth အကြာကြီးsaint ကို မော့ကြည့်နေမိသည်....
Saint နောက်တစ်ခေါက်ခေါ်သံကြားမှ အသိပြန်ဝင်ကာ...
Perth: omm
လှဲနေရာမှ ခုံပေါ်ထထိုင်လိုက်သည်...
Saint ကတော့မတ်တပ်ရပ်ရင်းသာ....
Saint: ' ငါ့ကိုစိတ်ဆိုးနေတာလားဟင်...'
Perth: ' မင်းကဘာလုပ်ထားလို့ငါကစိတ်ဆိုးရမှာလဲ...'
Saint: ' ဒါမဲ့ မင်းမနေ့ကလည်းငါ့ကိုစကားမပြောဘူးလေ....'
Perth: ' ဒီတိုင်းပါပဲ...'
Saint: ' ငါအမှားတစ်ခုခု လုပ်လိုက်မိတာလား...ဒါမှမဟုတ် မင်းတစ်ခုခု ဖြစ်နေတာလား...'
Perth: ' တစ်ခုမှမဟုတ်ပါဘူး...'
Saint: ' ဒါမဲ့...ငါ့အထင်မင်း...'
Saint စကားသာပြောနေသော်လည်း perthကို စက်မှကြည့်ပဲ ကောင်းကင်ကိုသာငေးကြည့်နေသည်...
Perth:' ငါဘာမှမဖြစ်ဘူး...ပြီးတော့ ငါအမြဲလိုက်စ နေလို့မင်းပဲစိတ်ညစ်တယ်ဆို..အခုလိုအခြေအနေမှာ မင်းပျော်နေသင့်တယ်မဟုတ်ဘူးလား....'
YOU ARE READING
Youth With Love❤(Complete)
Teen Fictionကိုယ့်အချစ်တွေကို တဖက်လူက အသိအမှတ်မပြုတဲ့အခါ ချစ်ရတာပင်ပန်းလာတယ်... ကိုယ်လည်း အချစ်ခံသင့်တယ်မလား...တစ်ခါလောက်အချစ်ခံဖူးချင်ခဲ့တယ်.....
