Zawgyi Version
' ဟယ်လို plan မင်းအဆောင်မှာလား...'
' အေး...ဘယ်လိုလဲ မင်းနဲ့ title...'
' မင်းထင်သလိုမဟုတ်ဘူးနော် plan..'
' ရှက်နေတာလားမင်းက...'
' မဟုတ်ဘူးplan.. ငါပြောချင်တာက...'
' ငါနားလည်ပါတယ်... စိတ်ချ ငါဘယ်သူ့ကိုမှ မပြောသေးဘူးနော်...မင်းပြောစေချင်တဲ့အချိန်မှ ငါသူများတွေကို ပြောမယ်...ဟုတ်ပြီလား...'
' မ..မဟုတ်ဘူး..plan..'
လုပ်ပြန်ပြီ ..ဒီကောင် ဖုန်းကိုသူပြောချင်တာပြောပြီးချသွားပြန်ပြီ..။
လက်ထဲမှ ကိုင်ထားသော ဘောပင်လေးမှာ ဆက်ရေးဖို့ပင် တန့်သွားပြီဖြစ်သည်။Saint တစ်ယောက် note စာအုပ်တွင်ချရေးနေသည်မှာ PERTH ဆိုတဲ့စကားလုံးများကို စာမျက်နှာအပြန့်တွင်ဖြစ်သည်။
.........
Saint ဗိုက်ဆာသဖြင့် တစ်ခုခုသွားစားရန် အဆောင်အောက်သို့ဆင်းလာခဲ့သည်။ အဆောင်အောက်တွင် ရုတ်တရက် မြင်လိုက်သော အရိပ်တစ်ခုကြောင့် Saint အံသြ သွားရသည်။
Perth ...သူဒီကိုဘယ်လိုရောက်နေပါလိမ့်။ တကယ်တော့ သူနဲ့perth ပင်လယ်မှ ပြန်လာပြီးသည့် နေ့ကတည်းက မတွေ့ဖြစ်ကြသေးပေ။ ဖုန်းလည်းမပြောဖြစ်ကြသလို စာလည်းမပို့ဖြစ်ကြပေ။ ဒါမဲ့...သူတို့မတွေ့ဖြစ်ကြသေးတာ အခုရက်နဲ့ဆို နှစ်ရက်တော့မပြည့်သေးပေ..။
' Perth... မင်းဘယ်ကလေ ဘယ်လို...'
' ငါ့ကောင်လေးဆီလာတာလေ... မလာရဘူးလား..'
' မင်းကောင်လေးဆိုတာက..'
' မင်းလေ..'
Perth မိမိရှေ့တွင် မသိချင်ယောင်ဆောင်ကာ ခပ်တည်တည်နှင့်မေးနေသော ကောင်လေးကို မေးငေါ့ပြလိုက်သည်။' ငါကမင်းကောင်လေးလို့ မင်းကိုဘယ်သူပြောလဲ....'
' မင်းနဲ့ငါ နှစ်ခါတောင် နမ်းပြီးပြီလေ..မင်းတာဝန်ယူရမှာပေါ့ မဟုတ်ဘူးလား...'
' ဘာဆိုင်လို့လဲ..အဲ့ဒါတွေက မတော်တဆ တွေ...'
' ဟုတ်လို့လား..'
Perth တမင်စပြီးမေးလိုက်သဖြင့် Saint မျက်နှာလေးနီရဲသွားသည် ။
YOU ARE READING
Youth With Love❤(Complete)
Teen Fictionကိုယ့်အချစ်တွေကို တဖက်လူက အသိအမှတ်မပြုတဲ့အခါ ချစ်ရတာပင်ပန်းလာတယ်... ကိုယ်လည်း အချစ်ခံသင့်တယ်မလား...တစ်ခါလောက်အချစ်ခံဖူးချင်ခဲ့တယ်.....