Part-31(ZG+Uni)

410 63 30
                                        

Zawgyi Version

မနက်မိုးလင်းတော့ လေဆိပ်ကို တန်းလာခဲ့ကြသည်...။

ကားပေါ်တလျှောက်လုံး saint စကားမပြောပဲ လမ်းမကြီးကိုသာ ငေးကြည့်နေမိသည်...။

ငါ့ဘေးမှာ မင်းရှိရင် တိမ်တွေရွေ့တာက
အစ အရမ်းလှနေခဲ့တာပဲ.....

နှစ်​ယောက်လုံးတစ်​ယောက်လက်ကို တစ်ယောက်ပြုတ်လုမတတ် ကိုင်ထားရင်း အတွေးကိုယ်စီနှင့်သာ..။

' Perth..ငါလေ ဒီလေဆိပ်ကြီးကို သိပ်မုန်းတာပဲ....'

' အင်း...နောက်တစ်ခါ မင်းမုန်းတဲ့လေဆိပ်ကြီးကလေ မင်းထွက်ခွာရတော့မယ်လေ....မင်းကိုလေဆိပ်ကလေ မောင်လာကြိုရမဲ့နေ့ တစ်နေ့ရောက်လာတော့မှာပါ...'

Saint ခေါင်းလေးကိုပုတ်ကာ ပြောလာသည်...။

' အင်း...သိပ်မလိုတော့လို့...ခနပဲဖြစ်ဖြစ် ထပ်စောင့်ပေးနော်...'

' မောင် စောင့်နိုင်ပါတယ်...ပြီးရင် planတို့ကို ဖုန်းဆက်လိုက်ဦး ညက သူတို့မင်းကိုဆက္မရတာနဲ့ စိတ်ပူပြီး မောင့်ကို မနက်က ဖုန်းဆက်ကြတယ်...မောင်နဲ့အတူရှိနေတယ်လို့တော့ ပြောထားတယ်....ဒါမဲ့ အကျိုးအကြောင်းသေချာရှင်းပြလိုက်ဦး...'

' ဟာ...ဟုတ်သားပဲ... သူတို့နဲ့မနေ့ညက bar သွားဖို့ချိန်းထားကြတာ...မင်းလာတာနဲ့ သူတို့နဲ့ချိန်းထားတာကို မေ့သွားတယ်....'

' ဘာ...bar..ဟုတ်လား...'

' အင်း....မသွားတာကြာပြီဆိုတော့...'

' မသွားရပါဘူး....'

' ဘာလို့လဲ... '

' မင်းက တစ်ခွက်တည်းနဲ့မူးတာလေ....မင်းမူးရင် အရမ်းရုပ်ဆိုးတာကွ...တော်ကြာ ငါချစ်သူက ရုပ်ဆိုးဆိုတာ သူတို့တွေသိသွားမယ်....'

မင်းမူနေတဲ့အချိန်အရမ်းချစ်ဖို့​ကောင်းတာ
မောင်မဟုတ်တဲ့ တခြားလူကို
မင်းရစ်ပြီး ကုန်းပိုးခိုင်းတာကို
မောင်ဘယ်လိုလက်ခံရမလဲ
မောင့်အချစ်ရာ

ထိုစကားကိုတော့ Perthစိတ်ထဲတွင်သာ ပြောဖြစ်ခဲ့သည်...။

' ဘာ...ဘာပြောတယ်...'

' ဟုတ်တယ်လေ...'

' Perthမင်းနော်...'

' တကယ်ပြောတာ..အဲ့ကြောင့် bar သွားရင်တောင် အရက္မသောက်နဲ့နော်....မောင်က စေတနာနဲ့ပြောတာ....မောင်က အချစ်ဘယ်လောက်ပဲ ရုပ်ဆိုးဆိုး မောင်ကအမြဲချစ်ပေးနိုင်ပေမဲ့ သူတို့ကျ ....'

Youth With Love❤(Complete)Where stories live. Discover now