Part-24(ZG+Uni)

483 60 8
                                        

Zawgyi Version

ဒီနေ့ကျောင်းပိတ်ရက် တွင် သူငယ်ချင်းတွေကို
မု့န်လိုက်ကျွေးဖို့ ရေခဲမုန့်ဆိုင်မှာချိန်းထားကြသည်..။ တစ်ယောက်မှ မရောက်သေးခင် perth တစ်ယောက်တည်းအစောကြီးရောက်နေသည်..။
Saint ကိုအတူတူ သွားမယ်လို့ ပြောတာကို ဒင်းလေးက လာမကြိုနဲ့ plan တို့နဲ့ပဲ လာခဲ့မယ်ဆိုပြီးပြောတော့ အခုတစ်​ယောက်တည်း အထီးကျန်စွာ ရောက်နေတော့သည်..။

ထိုစဉ်ဖုန်းဝင်လာသဖြင့်

' ဟယ်လို title မင်းမလာသေးဘူးလား..'

' ဆောရီး perth ရာ...ငါဒီနေ့မလာနိုင်တော့ဘူး
တီးဝိုင်းမှာ အရေးကြီးကိစ္စရှိလို့ ငါလာဖို့မဖြစ်နိုင်တော့ဘူး...'

' ပြောကြည့်ပြီးလာခဲ့ပါလားကွာ...ငါတို့တွေလူမစုံတာလည်း ကြာပြီဆိုတော့ ပြီးတော့ဒီနေ့က..ငါနဲ့...'

တကယ်တော့ ဒီနေ့ သူနဲ့saint ချစ်သူဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ သူငယ်ချင်းတွေကို မုန့်လိုက်ကျွေးမယ်ဆိုတာကို titleမသိပါ..။ ဒီတိုင်း သူငယ်ချင်းတွေစု ပြီးမုန့်စားကြမယ်လို့သာ gp chatထဲတွင် ပြောထားခြင်းဖြစ်သည်..။

' တကယ်မရလို့ပါ...ငါပြောပြီးပြီ....နောက်မှ တစ်ခေါက် ထပ်တွေ့ကြတာပေါ့..မင်းနဲ့ငါလည်း အမြဲတွ့နေရတာပဲကို...'

' အင်းပါ...အဲ့ဆို နောက်တစ်ခေါက်မှပေါ့..'

' အင်း..အဲ့ဆိုဒါပဲနော်...ငါဖုန်းချလိုက်တော့မယ်...'

' အေးအေး..'

' Perth..ဘယ်သူနဲ့ပြောနေတာ...'
Titleနှင့်ဖုန်းပြောပြီးချင်းချင်း
အသံကြားလိုက်လို့ လှည့်ကြည့်လိုက်တော့
Saint..အရင်လိုပဲ တီရှပ် အဖြူ ဘောင်းဘီတိုနှင့် တောင် ကြည့်မဝအောင် ကြည့်ကောင်းနေပေသည်...။

' Title နဲ့ပြောနေတာ...ဒါနဲ့မင်းက တစ်ယောက်တည်းလား..plan တို့နဲ့ အတူလာမယ်ဆို...'

' အေး...အဲ့၂ကောင် ညက ဂိမ်းကို
မိုးလင်းထိဆော့မိလို့ အိပ်ရေးပျက်ပြီး မထနိုင်ဘူးတဲ့..ဘယ်လိုမှ ခေါ်လို့မရဘူး...coo ကလည်း သူ့မိသားစုတွေ ရောက်နေတာနဲ့ မလာနိုင်တော့ဘူးနဲ့...title ကကော ဘာတဲ့လဲ...'

Youth With Love❤(Complete)Where stories live. Discover now