Zawgyi Version
Saint နောက်ကျမှာစိုးသဖြင့် ကားကိုအမြန်မောင်းလာလိုက်သည်...။ ခန်းမရှေ့ရောက်တော့ တစ်ယောက်တည်းရပ်စောင့်နေသော cooကိုတွေ့လိုက်ရသည်..။ ကားပါကင်ဝယ် ကားကိုမြန်မြန်ရပ်ကာ cooအနားသို့ အပြေးလျှောက်လာလိုက်သည်...။
' Saint တစ်ယောက်တည်းလား....'
' အင်းဟုတ်တယ်..... '
' perthကကော....'
' သူ Titleနဲ့လာမယ်လို့ပြောတယ်...'
' omm...'
' အင်း..ဟိုနှစ်ကောင်ကော ရောက်ပြီလား...'
' ရောက်တာကြာပေါ့..ထုံးစံကိုယ်တော်က ဗိုက်ဆာလို့တဲ့ ဒီနားကဆိုင်မှာ တစ်ခုခု သွားဝယ်ကြတယ်....'
' ဖြစ်ရမယ် သူကတော့....'
Cooနှင့် Saint စကားပြောနေစဉ် ကားတစ်စီးသူတို့ရှေ့မှ ဖြတ်သွားသည်..။ ထိုကားမှာ ကားပါကင်ဝယ် အကျအနရပ်ကာ ကားပေါ်မှ Suit ဝတ်စုံပြည့်ဖြင့် ခန့်ညားချောမောလှပသော ကောင်လေးနှစ်ယောက်ဆင်းလာသည်...။
ထိုကောင်လေးနှစ်ယောက်လျှောက်လမ်းလာသော ဦးတည်ရာမှာ....သူတို့နှစ်ယောက် ကို နက်ရှိုင်းသောမျက်ဝန်းအစုံဖြင့် လှမ်းကြည့်နေသော...suit အဖြူရောင်ဝတ်ဆင်ထားသော cooနှင့် saint ဆီသာ...။
' နောက်ကျသွားတယ်...ဆောရီး... '
Perthတစ်ယောက်ရောက်ရောက်ချင်း ကိုယ့်ချစ်သူနားကပ်ကာ ချွဲရတော့သည်...။တကယ်ဆို မနက်က သူကိုယ်တိုင်သွားကြိုကာ အတူတူလာဖို့ စီစဉ်ထားကြသော်လည်း Perth အိပ်ယာထနောက်ကျသဖြင့် Saint စိတ်ဆိုးကာ အရင်သွားနှင့်ခြင်းဖြစ်သည်...။
' သေလိုက်....'
' ကလေးကလည်းကွာ...မောင် ညက အလုပ်ကိစ္စလေး နည်းနည်းရှုပ်သွားလို့ပါ...'
' အေးပါ...မင်းကိုငါ ကဘာပြောနေလို့လဲ...'
saint ချက်ချင်းဆိုသလို မျက်နှာကြီး ကိုစူပုတ်ကာ ပြောလာတော့..perth ရယ်ရခက် ငိုရခက်နှင့် ဆက်ချော့ဖို့တာဝန် မပြီးဆုံးသေးဘူးဆိုတာကိုပါ ထပ်သိလိုက်ရသည်...။ကဲ perthရေ..မင်းတော့ဒီနေ့တစ်ရက်လုံးချော့စမ်း....
' မျက်နှာကြီးကို အခုလိုစူပုတ်မထားနဲ့လေကွာ...'
YOU ARE READING
Youth With Love❤(Complete)
Teen Fictionကိုယ့်အချစ်တွေကို တဖက်လူက အသိအမှတ်မပြုတဲ့အခါ ချစ်ရတာပင်ပန်းလာတယ်... ကိုယ်လည်း အချစ်ခံသင့်တယ်မလား...တစ်ခါလောက်အချစ်ခံဖူးချင်ခဲ့တယ်.....