Zawgyi Version
' Saint...saint...'
Planတို့နှင့်အတူ စာစုလုပ်နေသော ဝိုင်းသို့ perthအ မောတကြီးပြေးသွားရင်း အော်ခေါ် မိသည်..။' ဖြည်းဖြည်းလာပါ perthရာ...မင်းနောက်ခွေးလိုက်လာလို့လား...'
Plan ကထုံးစံအတိုင်း ထဖောက်သည်...။ထိုအခါ မှ အရှိန်သတ်ကာ သွားဖြီး ပြလိုက်ရသည်...။' ဟီး...saint...ကိုယ်ကျောင်းမှာ scholarခေါ်ထားတာတွေ့တယ်..စင်ကာပူက နာမည်ကြီး စီးပွားရေးကျောင်းတစ်ကျောင်းပဲ....'
' အဲ့ဆို ငါတို့စင်ကာပူမှာ ကျောင်းသွားတက်ရတော့မယ်ပေါ့...'
' အင်း...'
' နေပါဦး saint...မင်းကစင်ကာပူမှာကျောင်းသွားတက်မို့လား...'
' အင်းဟုတ်တယ်...perthနဲ့အတူတူ..'
' မင်းကငါ့ကို ထားခဲ့မယ်ပေါ့....'
' အပိုတွေလုပ်မနေနဲ့...မင်းကြောင့်saint စိတ်ပြောင်းသွားရင် မင်းနဲ့ငါအတွေ့ပဲနော်...plan...'
' Saint...'
Plan မျက်နှာလေးနွမ်းကာ saint လက်လေးကိုလှမ်းကိုင်ရင်းပြောလာသည်.။' plan ကလည်း ကိုယ်ရှိတာပဲကို...'
Mean က မျက်နှာငယ်လေးနဲ့ဝင်ပြောသည်...။' ဒါမဲ့ saint နဲ့ငါက ငယ်ငယ်တည်းက အတူတူ ကြီးလာတာလေ...အခုသူကငါ့ကိုထားပြီးတစ်ယောက်တည်းသွားမှာဆိုတော့...'
' တစ်ယောက်တည်းမဟုတ်ပါဘူး...ငါပါတယ်...'
Saint လက်ကလေးကို ကိုင်ပြီးမြှောက်ပြလိုက်တော့ မျက်စောင်းထိုးပြသည်...။' ငါပါလိုက်မယ်...'
' မင်းကဘာလိုက်လုပ်မှာလဲ...သူတို့သွားမှာ စီးပွားရေးကျောင်းလေ...မင်းယူထားတာ အနုပညာ မေဂျာလေ...'
' ဟီး....ဒါမဲ့....'
' planရာ...အခုမှ scholar တောင် မလျှောက်ရသေးဘူး....မင်း အပိုလုပ်နေတာက မစောလွန်းဘူးလား...'
ဘာမှမပြောပဲ ငြိမ်နေသော saintကဝင်ပြောတော့ အကုန်လုံးအံသြ သလိုပုံဖြင့် planကိုကြည့်လာသည်...။Saint သိတာပေါ့... ဒီကောင်သူ့ကိုထားခဲ့မှာမို့ ဝမ်းနည်းတာက နည်းနည်း..အိုက်တင်တွေလာလုပ်ပြနေတာကများများ...ဒါကိုဘုမသိဘမသိ ဟိုနှစ်ကောင်က တကယ်ယုံနေကြသေးတယ်...။
![](https://img.wattpad.com/cover/192918593-288-k219815.jpg)
STAI LEGGENDO
Youth With Love❤(Complete)
Teen Fictionကိုယ့်အချစ်တွေကို တဖက်လူက အသိအမှတ်မပြုတဲ့အခါ ချစ်ရတာပင်ပန်းလာတယ်... ကိုယ်လည်း အချစ်ခံသင့်တယ်မလား...တစ်ခါလောက်အချစ်ခံဖူးချင်ခဲ့တယ်.....