Zawgyi Version
Perth နိုးလာတော့ ရင်ခွင်ထဲတွင် အိပ်ပျော်နေသော အကောင်ပေါက်လေးကိုငေးကြည့်နေမိသည်..။ တစ်ကိုယ်လုံးတွင် အထင်းသားမြင်နေရသော အမှတ်အသားများကို perth ငေးကြည့်သွားတော့.. အိပ်ပျော်နေသောကောင်လေးသာ နိုးလာရင် ရှက် နေတော့မည်ကို တွေးမိကာ ပြုံးမိသွားသည်.. ။
Saint မင်းကမောင့်ကိုအဲ့လောက်ထိတောင် စိုးမိုးထားတာပါလား....အချိန်တိုင်း မင်းအကြောင်းတွေ တွေးပြီး ပြုံးဖြီးနေတဲ့မောင့်မျက်နှာကို တစ်ခါတစ်လေ မောင်ကိုယ်တိုင်တောင် အြံ သ မိလောက်တဲ့ထိ မင်းကမောင့်အပေါ်အရမ်းသက်ရောက်လွန်းတယ်..Saint..
အရင်က အမြဲ အကျီတွေဖြင့် ကာကွယ်ထားသော ရင်ဘက် ဖြူနုနုလေးကို ထိကြည့်မိလိုက်တော့.....ရင်ဘတ်ထဲကအကောင်ပေါက်က တဒုတ်ဒုတ် ခုန်လာတော့သည်...။
လက်ကိုအမြန်ဖယ်လိုက်ကာ မျက်နှာကိုပါ လွှဲလိုက် မိသည်..။
' မင်းဘာတွေ တွေးနေပြန်တာလဲ...'
ရုတ်တရက်ကြားလိုက်ရသော အသံကြောင့် Perth လန့်သွားသည်..။
' မင်း ဘယ်တုန်းကတည်းကနိုးနေတာလဲ...'
' မင်းကအငြိမ်မှ မနေတာ.... ငါဘယ်လိုဆက်အိပ်ရမတုန်း...'
' အဲ့ဒါကလေ...မောင်..'
' ဘာဖြစ်လဲ....'
လှဲနေရာမှ ထလာကာ မိမိမျက်နှာရှေ့သို့ တိုးကာ စကားဆိုလာသည်...။
' မင်း..ဘယ်လိုမှမနေဘူးလား...'
' ဘာကိုလဲ...'
Saint ခန္ဓာကိုယ်ပေါ်မှ အထင်းသားဖြစ်နေသော အမှတ်အသားများကို Perthလက်ညှိုးလေးနှင့်ထိပြလိုက်တော့...
' ဒါ...ဒါတွေက...'
သူ့ကိုယ်သူ ငုံကြည့်ကာ အော်ပြောလာတော့သည်...။
' မင်းအတိတ်မေ့သွားတာလား Saint...ညကမောင့်...မင်းကို...'
' တိတ်...'
ထိုအခါမှ ညကအကြောင်းကို ပြန်သတိရသွားသည် ထင်သည်..။ ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ် ပေါ်စောင်ကြီးကို ခြုံလိုက်သည်..။ ထို့နောက် မျက်နှာကိုပါ စောင်အောက်ဝင်ကာ ဖွက်ထားလေတော့သည်..။
YOU ARE READING
Youth With Love❤(Complete)
Teen Fictionကိုယ့်အချစ်တွေကို တဖက်လူက အသိအမှတ်မပြုတဲ့အခါ ချစ်ရတာပင်ပန်းလာတယ်... ကိုယ်လည်း အချစ်ခံသင့်တယ်မလား...တစ်ခါလောက်အချစ်ခံဖူးချင်ခဲ့တယ်.....
