Zawgyi Version
ကြယ်တွေအပြည့်နဲ့ လှပနေသော ကောင်းကင်ကြီးကို ကောင်လေးနှစ်ယောက် လှဲ ပြီးကြည့်နေကြသည်...။ လမင်းကြီးရဲ့အောက် ထိုကောင်လေးနှစ်ယောက်ရဲ့ ငယ်ရွယ်မှုတွေ ကအထင်းသား...။
' Perth...မင်းတကယ်သွားမှာသေချာသွားပြီပေါ့...'
' အင်း....saint ကိုစိတ်မချပေမဲ့ပေါ့....'
' သူ့ကိုမပြောပြတော့ဘူးလား...'
' ဒီတိုင်းပဲ....ငါ့ရည်မှန်းချက်မို့ ငါသွားတယ်လို့ပဲ သူသိထားတာကောင်းပါတယ်ကွာ...အခုလိုသိထားတာတောင် သူ့ကြောင့် မသွားမှာသိပ်ကြောက်ပြီး အတင်းမောင်းထုတ်နေတာ...အမှန်တိုင်းသာ သိရင်တော့....'
' ဒါမဲ့...'
' မင်းမပြောဘူးလို့ ကတိပေးtitle...'
' အင်း...ငါပေးပါတယ်ကွာ...ပြီးတော့မင်း သူ့ကိုစိတ်ချပါ....ငါတို့အကုန်ရှိတာပဲ...'
' သူက ခေါင်းမာတယ်ကွ....အဆင်ပြေသလို ငါ့ရှေ့အတင်းဟန်ဆောင်နေတာတွေ့လို့ ငါပိုပြီးမထားသွားရက်ဘူး....'
' သူ မင်းကိုမတားဘူးလား...'
' ဟင့်အင်း...ငါမသွားဘူးပြောလို့တောင် စိတ်ဆိုးသေးတယ်.....ဒါမဲ့သူလည်းမတားမိအောင် အတင်းကြိုးစားပြီးနေနေတယ်ဆိုတာငါသိတယ်title....'
' တကယ်လို့သူတားရင်ကော....မင်းမသွားဘူး....'
' တကယ်တော့ငါမသေချာဘူး....သူတကယ်လို့သာတားမယ်ဆို ငါတကယ်ပဲမသွားဘူးလားဆိုတာ ငါမသေချာဘူး......သူမပါလို့ငါမသွားချင်ဘူးပြောနေပေမဲ့...တကယ်တမ်း ငါမသွားပဲနေနိုင်လားဆိုတာငါမသိဘူး.....'
' မနက်အတွက်ကော အကုန်အဆင်သင့်ဖြစ်ပြီလား...'
' အထုပ်တွေတော့ပြင်ဆင်ပြီးပြီ...နည်းနည်းလိုအပ်တာကို မနက် saint နဲ့အတူ mall သွားပြီးဝယ်မို့....'
' သူ့ကိုဂရုစိုက်ပေးလိုက်ပါ...အမြဲအတူရှိနေတဲ့လူက ကိုယ့်နားကထွက်သွားမယ်ဆို ဝမ်းနည်းတတ်ကြမှာပဲလေ....ငါတောင်မင်းကိုမသွားစေချင်ဘူး....ဒါမဲ့ မင်းရည်မှန်းချက်လည်းဖြစ်....အဘွားကလည်း...'
' ငါလည်းမထားရက်ခဲ့ပါဘူးကွာ...'
' ငါသိပါတယ်ကွာ..မင်းမျက်နှာကိုကြည့်ပြီး မသိရင်ငါတုံးရာ ရောက်မှာပေါ့...'
YOU ARE READING
Youth With Love❤(Complete)
Teen Fictionကိုယ့်အချစ်တွေကို တဖက်လူက အသိအမှတ်မပြုတဲ့အခါ ချစ်ရတာပင်ပန်းလာတယ်... ကိုယ်လည်း အချစ်ခံသင့်တယ်မလား...တစ်ခါလောက်အချစ်ခံဖူးချင်ခဲ့တယ်.....
