Zawgyi Version
ဒီလိုနှင့် အချိန်တွေတဖြည်းဖြည်းကုန်လာခဲ့သည်...။တစ်ခါတစ်လေ perthဖုန်းတွေဆက်တိုက် ဆက်သလို smsတွေလည်း အများကြီးပို့လာတတ်သည်..။ သူဘာမှပြန် မပြောသလို
ဖုန်းတွေကိုလည်းမကိုင်တော့ပေ...။
သူ့ဘက်က စပြီးလမ်းခွဲခဲ့တာမို့... သူ့ဘက်ကပြတ်သားသင့်တယ်မလား..။တစ်ခါတစ်လေ သတိရပေမဲ့....ဆက်လာသောဖုန်းတွေကို ကိုင်ချင်ပေမဲ့....အခုလိုလုပ်မှ သူ့ကို Perthလွယ်လွယ်နှင့်မေ့နိုင်မည်မဟုတ်လား...။
တစ်ခါတစ်လေ...
ငါမင်းကိုအရမ်းသတိရတယ်...
ဆိုတဲ့စာတွေမြင်တိုင်း...
ငါလည်းမင်းကိုအရမ်းသတိရတယ်
ဆိုပြီးပြန်ပို့ချင်ခဲ့မိသည်...။
ဒါမဲ့...........
........
Saint တို့သူငယ်ချင်းတွေ ဘွဲ့ယူသည့်နေ့သို့ရောက်လာခဲ့သည်...။
' Mean မင်းကဘွဲ့ဝတ်စုံနဲ့တော်တော်လိုက်တာပဲ....'
Titleက meanကိုကြည့်ကာပြောလိုက်တော့...planကပါ သူ့ကိုယ်သူလက်ညှိုးလေးညွှန်ပြကာ...
' ငါကကော...'
' အင်း...မင်းကတော့....'
Titleမှေးကို ပွက်ကာစဉ်းစားသည့်ပုံလုပ်နေတော့သည်..။
' ဟျောင့် မင်းနဲ့ငါက အထက်တန်းကတည်းက ခင်လာတာနော်....'
' အင်း...အဲ့ဒါကိုထောက်ထားပြီးတော့ပြောရမယ်ဆိုရင်....'
တစ်ကိုယ်လုံးကို လက်နှင့် အပေါ်အောက် ရွေ့ကာ ပြန်စဉ်းစားနေပြန်သည်...။
'ဘာဖြစ်လဲ...ငါကပိုကြည့်ကောင်းတယ်မလား...'
' မဆိုးပါဘူး....'
' ပိုကြည့်ကောင်းတယ်ပြောတော့မင်းဘာဖြစ်မှာမို့လို့လဲ...'
' Sad...but...True....😝'
' ကဲပါ...titleကလည်း planကိုစမနေနဲ့နော်...'
Cooက နှစ်ယောက်သား ရန်မဖြစ်အောင် ဝင်တားတော့...
' စတာမဟုတ်ပါဘူး တကယ်ပြောနေတာကို....'
' ဟျောင့်...မင်းသေပြီသာမှတ်...'
Title ပြေးထွက်သွားတော့  plan အနောက် မှပြေးလိုက်တော့သည်...။
' Titleကအရင်ကလိုမဟုတ်တော့ဘူးနော်...စကားတွေများများပြောလာပြီးပိုရယ်လာသလိုပဲ...'
Mean ကသူ့ကောင်လေးနှင့်အတူ လိုက်တမ်းပြေးတမ်းဆော့နေသော titleကိုကြည့်ကာပြောလာသည်...။
YOU ARE READING
Youth With Love❤(Complete)
Teen Fictionကိုယ့်အချစ်တွေကို တဖက်လူက အသိအမှတ်မပြုတဲ့အခါ ချစ်ရတာပင်ပန်းလာတယ်... ကိုယ်လည်း အချစ်ခံသင့်တယ်မလား...တစ်ခါလောက်အချစ်ခံဖူးချင်ခဲ့တယ်.....
