Zawgyi Version
' Saint မင်းဘယ်လိုထင်လဲ..'
' ဘာကိုလဲဟ..'
' awwz...ဆောရီးငါပြောချင်ဇော လောသွားတယ်...မင်းtitleကိုဘယ်လိုထင်လဲ...'
' ဟျောင့်..မင်းပါtitleကိုကြိုက်နေတာလား'
' အမလေးလေး...အိုးစွပ် ခွက်စွပ် ကြိုက်စရာလား.!!.'
' plan မင်းဘာဖြစ်နေလဲကွာ...စကားကို လိုရင်းမပြောပဲ...တန်းလန်းတွေလာလုပ်မနေနဲ့..မင်းကိုမင်းစာရေးဆရာလိုလို ကဗျာဆရာလိုလိုနဲ့...စကားကိုလူလိုသာပြောစမ်းပါကွာ..'
' အေးပါအေးပါ...ငါပြောချင်တာက title မင်းအပေါ် ပြောင်းလဲလာသလိုပဲ..'
' အရင်လိုပါပဲကွာ...'
' အဲ့ဆို အရင်ကတည်းကကို မင်းက မရိပ်မိခဲ့တာပေါ့လေ..'
' ဘာကိုလဲ..ငါကဘာကိုမရိပ်မိရတာလဲ..'
' Titleမင်းကိုကြိုက်နေတာကိုလေ...'
' မဖြစ်နိုင်တာကွာ...'
' ဘာလို့မဖြစ်နိုင်ရမှာလဲ..ငါအရင်က titleကို သေချာ မကြည့်မိတော့အရင်ကပုံစံကိုတော့ငါမသိဘူး...ငါတို့ဘန်ကောက်ရောက်ပြီးတက္ကသိုလ်မ တက်ခင် စတွေ့တဲ့နေ့ကတည်းက သူ့ကိုငါကြည့်နေခဲ့တာ....သူ့အမူအယာတွေ သူ့အကြည့်တွေ သူ့အပြုံးတွေက မင်းအပေါ် တမူထူးခြားနေတယ် ငါတို့အပေါ်ဆက်ဆံတာနဲ့ မတူဘူး...'
' အတူတူပါပဲ...'
' မတူဘူး..အစကတော့ငါ အထင်မှားတယ်ထင်ခဲ့တာ...ဒါမဲ့မဟုတ်ဘူး...သူမင်းကိုကြိုက်ကိုကြိုက်နေတယ်...'
' မကြိုက်ပါဘူးဆိုကွာ...'
' အေး..မင်းကိုယ်က မင်းခေါင်းထဲကို အဲ့အတွေးကြီးထည့်ထားမှတော့ Title ခံစားချက်တွေကို မင်းဘယ်မြင်မလဲ...'
' plan ငါတို့အထက်တန်းနောက်ဆုံးနှစ်ကလေ ငါtitleကိုစာပေးခဲ့တယ်...'
' ငါမေးတော့မင်းပဲမပေးဖြစ်ခဲ့ဘူးဆို..'
' ဟင့်အင်း...မဟုတ်ဘူး... ငါပေးဖြစ်ခဲ့တယ်....သူ့စာအုပ်ကို ပြန်ပေးတဲ့နေ့က ငါပေးလိုက်တာ.'
Plan ကtitleနဲ့အခြေအနေကို ခနခန မေးနေသဖြင့် saint ရှက်ကာ မပေးဖြစ်ခဲ့ဘူးဟု သူလိမ်ခဲ့မိသည်...
YOU ARE READING
Youth With Love❤(Complete)
Teen Fictionကိုယ့်အချစ်တွေကို တဖက်လူက အသိအမှတ်မပြုတဲ့အခါ ချစ်ရတာပင်ပန်းလာတယ်... ကိုယ်လည်း အချစ်ခံသင့်တယ်မလား...တစ်ခါလောက်အချစ်ခံဖူးချင်ခဲ့တယ်.....