Part-34(ZG+Uni)

395 55 6
                                    

Zawgyi Version

Coo နဲ့ချိန်းထားသော အဆောင်နားက ပန်းခြံသို့ သာ saint လှမ်းလာခဲ့သည်..။ ပန်းခြံနား ရောက်တော့ coo ကအရင်ရောက်နှင့်နေပြီဖြစ်သည်...။

' ဆောရီး coo ငါနည်းနည်းနောက်ကျသွားတယ်...'
Coo ထိုင်နေသော ထိုင်ခုံဘေးဝင်ထိုင်ကာ saint စကားစလိုက်သည်..။

' ရပါတယ်... မင်းနောက်ကျတာမဟုတ်ဘူး ငါကို က စောရောက်နေတာပါ...'

' အင်း..Titleနဲ့တွေ့ပြီးပြန်လာတာလား...'

' အင်း....နောက်အပတ် ဖျော်ဖြေ ပွဲကိစ္စတိုင်ပင်စရာလေးရှိတာနဲ့....'

' ဟုတ်ပါပြီ...'

' ရော့..ဒီမှာ အလုပ်ခေါ်စာ စာရွက်တွေ...မင်းတကယ်ပဲ အလုပ်လျှောက်တော့မှာလား...စင်ကာပူကို ဘွဲ့လွန်သွားတက်ဖို့ကကော....'

' အခွင့်အရေး ရရင်တော့ သွားချင်တာပေါ့...ဒါမဲ့...'
လက်ထဲမှ စာရွက်တွေကို ကြည့်ကာ saint ခေတ္တတွေဝေသွားသည်..။

' ဒီစာစောင်က မင်းရေးထားတဲ့ဟာမလား...အခန်းဆက်တွေမျှော်နေတဲ့လူတွေမှ တစ်ပုံကြီးပဲ...မင်းဆက်ရေးပါလား...'

Coo ကမ်းပေးသော စာစောင်ကို ဖတ်ကြည့်လိုက်မိသည်..။ ကျောင်းစာတွေလုပ်နေရသဖြင့် နားထားသော ဆောင်းပါးလေးက သူ့ကိုကြည့်ပြီး လက်လှမ်းခေါ်နေသလိုလို...။

' အင်း...ဒါမဲ့ အဲ့စာတိုက်က လက်ခံဦးမှကို...'

' မင်းအရေးအသားတွေက ဒီလောက်ကောင်းတာကို...ပြီးတော့ ပရိတ်သတ်လည်းမင်းမှာရှိနေပြီပဲ...သူတို့လက်ခံမှာပါ...'

' အင်းပါ...ငါဆက်သွယ်ကြည့်လိုက္မယ်..'

' အဲ့ဆို ငါ ပြန်တော့မယ်...အလုပ်လျှောက်ဖို့စဉ်းစားပြီးရင် ငါ့ကိုပြောလေ...ငါလိုက်ခဲ့ပေးမယ်...'

' ကျေးဇူးပါပဲကွာ...'

' မလိုပါဘူး..အဲ့ဆို see u နော်...'

' အိုကီ...see u...'

Coo ပြန်သွားတော့ Saint ဆောင်းပါးလေးကို ပြန်ဖတ်နေမိသည်...။ သူ့အတွက် ဒါက သူ့ဝါသနာပါရာတစ်ခု ဖြစ်သလို..သူ့အောင်မြင်မှုအပိုင်းအစလေး တစ်ခုလည်း ဖြစ်သည်..။ ချစ်ရသူနှင့် နီးစပ်ဖို့အတွက် ဒီအောင်မြင်မှုကို ခေတ္တချောင်ထိုး ထားခဲ့မိသည် ထင်သည်...။ အခုတော့ ပြန်ကြိုးစားကြည့်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်...။

Youth With Love❤(Complete)Onde histórias criam vida. Descubra agora