ZawGyi Version
Plan မနက်စာစားသောက်ပြီး အဆောင်ပေါ်မှ ဆင်းလာစဉ် perth တစ်ယောက် အဆောင်အောက် မှ ထိုင်ခုံပေါ်တွင် တစ်ယောက်တည်းအတွေးလွန်နေတာကို တွေ့လိုက်ရသည်..။
' Perth...'
' Plan...Saint နှိုးပြီလား...'
' အင်း...ခုနလေးတင်ငါနဲ့မနက်စာ စားပြီး ပြန်လာတာ...မင်းရောက်တာကြာပြီလား...'
' ခုနလေးကမှပါ...'
' မင်းဒီကိုအလည်ပဲပြန်လာတာလား...'
' အင်း...'
' Perth....Saint ကလေ တစ်ခါတစ်လေ ကလေးဆန်တယ်...ဒါမဲ့သူ့ကိုယ်သူ ရင့်ကျက်သလိုဟန်ဆောင်နေတတ်တယ်...ပြီးတော့ သူ့အပူတွေကို သူများကို တော်ရုံမပြောပြတတ်ဘူး..အထူးသဖြင့်သူအရမ်းချစ်ရတဲ့လူတွေကို သူ့ကြောင့်မနာကျင်စေချင်ဘူး....'
' အင်း...'
' သူ က မင်းကိုအရာအားလုံးကို လျစ်လျူရှူ ပြီးရွေးချယ်ခဲ့တာ....'
Perthခေါင်းငြိမ့်ပြလိုက်သည်..။
' အဲ့ဆိုငါသွားပြီ....good luck..'
' ကျေးဇူး ...'
Planထွက်သွားတော့ အဆောင်ပေါ်သို့သာတက်လာလိုက်သည်...။Perth အချိန်ကြာမရင်ဆိုင်ရဲခဲ့သော ပြသာနာကို ထိပ်တိုက်ဖြေရှင်းဖို့အတွက် မရဲတရဲအခန်းတံခါးကိုခေါက်လိုက်သည်...။ အခန်းထဲမှ တံခါးလာဖွင့်သံမကြားရသဖြင့် တံခါးလော့မချထားမှန်း သိလိုက်သည်...။ ခေတ္တ တွေဝေနေပြီးမှ စိတ်ကို သေချာဆုံးဖြတ်ချက်ချကာ အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်...။
တံခါးပေါက်ကို နောက်ကျောပေးကာ ဝရံတာ တွင် တစ်ယောက်တည်းအတွေးလွန်နေသော Saint...
' Perth...ငါလေ...'
နောက်လှည့်မကြည့်ပဲ ပြောလိုက်သော စကားတစ်ခွန်း....ဆက် ထွက်လာမည့် စကားသံတွေကို Perth လျစ်လျူရှူကာ...
' Saint...မောင်လေ...တစ်ခါတစ်လေ အရမ်းပင်ပန်းတယ်....ပင်ပန်းလွန်းလို့ အရာအားလုံးကို လက်လွှတ်လိုက်ချင်တယ်....'
မိမိကို လှည့်မကြည့်ပဲ အပြင်သို့ငေးကြည့်နေရင်းမှ....ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည် ထင်သည်....။
YOU ARE READING
Youth With Love❤(Complete)
Teen Fictionကိုယ့်အချစ်တွေကို တဖက်လူက အသိအမှတ်မပြုတဲ့အခါ ချစ်ရတာပင်ပန်းလာတယ်... ကိုယ်လည်း အချစ်ခံသင့်တယ်မလား...တစ်ခါလောက်အချစ်ခံဖူးချင်ခဲ့တယ်.....
