ကျောငိးဆေးခန်းတွင်. ..
Dr:ဆေးလည်းထည့်ပြီးပြီဆိုတော့ သက်သာ သွားတော့မှာပါ....
Saint:မသက်သာလို့ကတော့...သေပြီသာမှတ်...
Dr:ခင်ဗျာ....
Saint:ကန်တော့..ကန်တော့...ဆရာကိိုပြောတာ မဟုတ်ဘူး... စက်ဘီးကို လူလို မနင်းတဲ့ဟိုရှေ့မှာရပ်နေတဲ့လူကိုပြောတာ...
Perthကsaintကိုကြည့်ပြီးရယ်ကာ...သူ့ကိုယ်သူလက်ညှိုးထိုး၍
ငါ့ကိုပြောတာလားဟူသော သဘောဖြင့် လှမ်းပြောသည်....
Saint:အေးမင်းကိုပြောတာ...
Perthက....ရယ်သာရယ်နေတော့သည်...
ဆရာဝန်ကတော့saintကိုကြည်ပြီးခေါင်းကုတ်နေတော့သည်....
Saintတစ်ယောက်အခန်းထဲရောက်တော့planကိုအရင်ရှာသည်...
သူထိုင်သောစားပွဲတွင်...မှေးလေးထောက်ထိုင်ကာ....ငါ့ကိုသနားပါနော်ဟူသော ပုံစံလေးဖြင့် saintကို လုပ်ပြနေသည်....
Saint:မင်းအခုမှလာပြီးဘာမှ သနားကမား လာလုပ်ပြမနေနဲ့...
ထိုခါမှplanထလာကာ..saint ဆီပြေးလာ၍ လက်မောင်းလေးကို ခေါင်းလေးဖြင့်တိုက်ကာ ချွဲ့နွဲ့ပြောတော့သည်....
Plan:Saintရယ်ငါကဒီတိုင်းမင်းကိုစလိုက်တာပါကွာ...မင်းကလည်းအချင်းချင်းကိုအဲ့လောက်ထိ စိတ်မဆိုးပါနဲ့နော်...နော်...နော်...
Saint:ဖယ်..မင်းကြောင့်ငါ စက်ဘီးတိုက်ပြီးဒဏ်ရာရခဲ့တယ်....
Plan:အယ်...ဘယ်..ဘယ်မှာလဲ..ဘာ..ဘာဖြစိသွားသေးလဲ ဟင်...ခေါငိးတွေ ဘာတွေကော ထိ..ထိသွားသေးလားဟုပြောကာ..
Saintတစ်ကိုယ်လုံးကိုပတ်ကြည့်ကာ..ခေါင်းတွေပါ လျှောက် ကိုင်ကြည့်ကာ ပြောနေတော့သည်....
Saint:နင့်ကြီးတော်အနာက တံတောင်ဆစ်ပါကွ....ချီးမို့..ခေါငိးတွေလာကြည့်နေတာလား. .
Plan:ဟီး...သိဘူးလေကွ...ငါကခေါငိးတွေဘာတွေများ ထိသွားသေးလားလို့....
Perth:အံမယ်လေး လေး..တံတောင်ဆစ်လေးပွန်း သွားတာတောင် မင်းသူငယ်ချင်းငါ့ကိုပွစိပွစိလုပ်နေတာ...ခေါင်းသာ ထိသွားလို့ကတော့ ငါဒီနေရာမှာတောင် အခုလိုစကားပြောနေနိုင်လောက်မှာမဟုတ်ဘူး....
YOU ARE READING
Youth With Love❤(Complete)
Teen Fictionကိုယ့်အချစ်တွေကို တဖက်လူက အသိအမှတ်မပြုတဲ့အခါ ချစ်ရတာပင်ပန်းလာတယ်... ကိုယ်လည်း အချစ်ခံသင့်တယ်မလား...တစ်ခါလောက်အချစ်ခံဖူးချင်ခဲ့တယ်.....
