Part-29(ZG+Uni)

446 60 16
                                        

Zawgyi Version

Saint ကျောင်းဆောင်ရှေ့ နားက အုတ်ခုံပေါ် စာရွက်တစ်ရွက် ကိုင်ကာ ထိုင်နေသည်...။
လက်ထဲမှ စာရွက်မှာ exam result ဖြစ်သည်..။
မနှစ်က ဘေးနားတွင် Perthရှိသဖြင့် ယခုလောက် မစိုးရိမ်ခဲ့...အခုတစ်ခါ တစ်​ယောက်တည်း စာအိတ်ကို ဖောက်ဖတ်ရပေမည်...။

စိုးရိမ်စိတ်တွေ နှင့်အတူ စာအိတ်ကိုဖောက်ကြည့်လိုက်သည်...။တကယ်ဆို ဒါက saint အတွက် အခွင့်အရေးဖြစ်သည်...။တခြားနိုင်ငံများက စကော်လာများမှာ မကြာခန ခေါ်တတ်သော်လည်း...စင်ကာပူ စကော်လာရှစ်မှာ နှစ် နှစ်တစ်ခါလောက်မှ ခေါ်တတ်သည်..။

Saint ကံကောင်းကာ...ဒီနှစ် တစ်နှစ်တစ်ခါ ခေါ်သဖြင့် ဝင်ခွင့် ဖြေ ခွင့်ရခဲ့ခြင်းဖြစ်သည်...။ရလာသောအခွင့်အရေးကြောင့် သူperthနှင့် စောပြီး တွေ့ရမည်ကို တွေးမိလိုက်တိုင်း သူ့ရင်ဘတ်တွေပေါက်ထွက်မတတ် ရင်ခုန်မိသည်....။

Saint စာအိတ်လေးကိုဖောက်လိုက်ကာ..အထဲမှ စာရွက်လေးကို မျက်စိမှိတ်၍ ထုတ်လိုက်သည်..။
ချက်ချင်းမကြည့်ရဲသဖြင့်..စိတ်ငြိမ်အောင် ခနနေပြီးမှ မျက်စိကို အသာလေးဖွင့်ကြည့်မိလိုက်သည်...။

Sorry...Saint...You'd failed....

Saint နောက်မှ စာကြောင်းများကို ထပ်မဖတ်ရဲလောက်အောင်စိတ်တွေ ဆောက်တည်ရာမရ ဖြစ်သွားခဲ့သည်...။ထိုင်ခုံတွင် ဘယ်အချိန်ထိ ထိုစာရွက်ကြီးကို ကိုင်ပြီး ထိုင်နေမိမှန်းမသိ....ဘေးနားတွင် လူတစ်ယောက်ဝင်လာထိုင်မှ saint အသိပြန်ဝင်လာသည်...။

' Coo ဘယ်ကလေ ဘယ်လို...'

' Titleဆီလာရင်း saint တို့ကျောင်းဘက် ခနဝင်လာတာ...ဒီမှာတစ်ယောက်တည်းsaint ကိုတွေ့တာနဲ့...ဟိုးနားကတည်းက လှမ်းခေါ်နေတာ...'

' sry coo...ဟိုငါ...စိတ်လွှတ်သွားတယ်...'

' saint...အဆင်ပြေရဲ့လား...ဘာဖြစ်လို့လဲဟင်...'

Saint ဘာမှမပြောပဲ လက်ထဲမှ စာရွက်လေးကို coo ကိုပြလိုက်သည်.. ။Coo ဖတ်ကြည့်ကာ ခနအကြာ...

' Perthကောသိပြီးပြီလား...'

' ဟင့်အင်း...'

Youth With Love❤(Complete)Where stories live. Discover now