Zawgyi Version
Perthတို့သူငယ်ချင်းတွေအကုန် မွေးရပ်မြေသို့ ပြန်ရောက်နေကြသည်..။ အဘယ့်ကြောင့်ဆိုသော် မနက်ဖြန် သူတို့ကျောင်းမှာ ပစ္စည်းတွေမြှုပ်ထားတာ ဆယ်နှစ်ပြည့်ပြီလေ...။ ထို့ကြောင့် မနက်ဖြန် သူငယ်ချင်းတွေအတူတူ ကျောင်းသို့သွားဖို့ ဆုံးဖြတ်ကာ ပြန်လာဖြစ်ကြခြင်းဖြစ်သည်..။ Planကတော့သူ့ယောကျာ်း meanကိုပါ တစ်ခါတည်းခေါ်လာခဲ့တော့သည်...။
အိမ်ကလူတွေကိုဘယ်လိုပြောပြီး အတင့်ရဲကာ အိမ်သို့ခေါ်သွားလည်းတော့ Saint တစ်ယောက် စဉ်းစားမရ...။Plan ရဲ့ Hero လုပ်ရပ်ကြောင့် perthကလည်းသူ့ကို 'မောင့်ကိုလည်းကလေးအိမ်ခေါ်သွားပါလားလို့ ' ပြောသော်လည်း.... အတင်းငြင်းကာသူ့အိမ်သို့သာ သူပြန်ရန်ပြောလိုက်ရသည်. ..။
ဒါတောင် ဒီကောင်က ငြင်းမရပဲ မနက်ပိုင်းတော့အိမ်လိုက်ပို့မယ်...ညနေမှ ပြန်မယ်ဆိုပြီး အိမ်ထိခနပါလာခဲ့သေးသည်...။
ထို့နောက်ပိုင်စိုးပိုင်နင်း Saint အခန်းထဲသို့ဝင်သွားသေးသည်..။ Saint တို့အိမ်ပြန်ရောက်ရောက်ချင်း မိဘတွေက အပြင်သွားနေ သောကြောင့် တော်သေးသည်ဟုတွေးကာ Saint သက်ပြင်းချမိသည်..။
တခြားသူငယ်ချင်းတွေနဲ့ကတော့ လေဆိပ်မှာပဲ လမ်းခွဲခဲ့ပြီ ဖြစ်သောကြောင့် Perthတစ်ယောက်ပဲပါလာခြင်းဖြစ်သည်..။
' ကလေးအခန်းက အရမ်းလှတာပဲ...'
အခန်းတစ်ခန်းလုံးကိုအနှံ့ လျှောက်ကြည့်ကာ ပြောလာသည်...။
' မေမေကအခန်းအမြဲ ရှင်းပေးထားတယ်ထင်တယ်...ဖုန်တောင်တစ်စက္မရှိဘူး...'
Saint ကလည်းစားပွဲတွေပေါ်လက်တင်စမ်းကာ..ဖုန်မရှိတာတွေ့တော့ ဝမ်းသာအားရပြောလာတော့သည်...။
' မင်းက မိဘ ရ ကံကောင်းတာပေါ့...'
ပြတင်းပေါက်မှန်မှ နေအလင်းရောင်ကိုလှမ်းကြည့်ကာ ပြောလာသည်..။
Titleပြောပြသလောက် Perthမိဘတွေက Perthကိုသိပ်မချစ် သိပ်ဂရုမစိုက်ကြဘူးဟု သိထားရသဖြင့် ထိုစကားကြားရတော့ Saint စိတ်မကောင်းဖြစ်မိသွားတာအမှန်ပင်...။ Perthနားသွားကာ ဖက်၍ နှစ်သိမ့်ပေးမိသည်..။
' မင်းလည်း ချစ်သူရ ကံကောင်းတာပဲကို...'
ထိုအခါမှ မော့ကြည့်လာတော့သည်...။
YOU ARE READING
Youth With Love❤(Complete)
Teen Fictionကိုယ့်အချစ်တွေကို တဖက်လူက အသိအမှတ်မပြုတဲ့အခါ ချစ်ရတာပင်ပန်းလာတယ်... ကိုယ်လည်း အချစ်ခံသင့်တယ်မလား...တစ်ခါလောက်အချစ်ခံဖူးချင်ခဲ့တယ်.....
