Zawgyi Version
'သား ဘယ်uniလျှောက်ထားလဲ..'
' Bangkok Uni လျှောက်ထားတယ်မေမေ...'
'Omm သားလေးစာမေးပွဲအမှတ်တွေက ကောင်းတယ်မလား...'
' ဟို...'
' မေမေ သိပါတယ် ငါ့သားလေးကလူတော်လေး....Bangkok uni တော့ရမယ်မလားသား...'
'ဟုတ်...'
မေမေ့ကိုစိတ်မပူစေချင်လို့ပြောလိုက်သော်လည်း...သူ မ မျှော်လင့်ရဲပါ...exam ဖြေနိုင်တာမှန်ပေမဲ့..မှီပါ့မလား...?
စိတ်ညစ်နေတာကြောင့်ဖေဖေနဲ့သာ ဆိုင်သို့ လိုက်လာခဲ့သည်....
'Saint...'
'ဟုတ်ဖေဖေ...'
' သားမေမေကြောင့် သားလေးစိတ်ညစ်နေလား...'
' ဟို..အဲ့ဒါကလေ...'
' ဖေဖေ တို့သားကိုယုံပါတယ်....သားလေး လျှောက်တဲ့ကျောင်းရမှာ...ဖေဖေတို့ယုံတယ်သားကို...'
' ဖေဖေ...တကယ်လို့လေ....သား က တက္ကသိုလ်ကောင်းကောင်း မရရင် ဖေဖေတို့က စိတ်ပျက်မှာလားဟင်....'
' တက္ကသိုလ်ကောင်းကောင်းမရရင် ဖေဖေတို့သားမဟုတ်ဘူး.....ဒါမဲ့...တက္ကသိုလ်ကောင်းကောင်းရရင်လည်း ဖေဖေတို့သားမဟုတ်ဘူး...'
' ဟင်..ဖေဖေပြောတာက...'
' သား...တက္ကသိုလ်ဘယ်လောက်ကောင်းကောင်းကိုယ်တိုင်က စာမကြိုးစားရင် ဘာမှမထူးဘူးသား...ဘယ်တက္ကသိုလ်ပဲ ဖြစ်ဖြစ် သားလေးစာကြိုးစားမှ သားလေးလူတော်ဖြစ်မှာ.....ဘယ်နေရာရောက်ရောက် အတတ်နိုင်ဆုံးကြိုးစားမှ ဖေဖေတို့သား......ဟုတ်ပြီလားသား...'
' ဟုတ် ဖေဖေကျေးဇူးပါ.....'
' ရော့သား....ဒါတွေ သွားရောင်းချည်...'
' မရောင်းရလို့လားဟင်...သားမနက်ဖြန်မှရောင်းပေးမယ်လေ...'
' သွားပါ.... သား ဖေဖေကိုကြည့်....
ကိစ္စ တစ်ခုဆိုတာ သေးသေးလေးကလေ စလုပ်ရတယ်...ဒီအခွေရောင်းတာကော....တက္ကသိုလ်တက်တာကော....'
Saint...ဖေဖေ ထိုးပေးလာသော ကတ်ဆတ်ခွေအဟောင်းအထုပ်လေးကို ယူရင်း...တံတား လေးနားသွားရောင်းရန် စဉ်းစားလိုက်သည်....
အရင်ကလည်း ဒီလိုသိပ်မရောင်းရတဲ့ ကတ်ဆက်ခွေတွေကို ဆိုင်တစ်လမ်းကျော်က မြစ်ကူးတံတားလေးပေါ် သွား ဖြဲ့ရောင်းနေကြဆ်ုသော်လည်း...ဒီတစ်ခါ စိတ်မပါပါ....
YOU ARE READING
Youth With Love❤(Complete)
Teen Fictionကိုယ့်အချစ်တွေကို တဖက်လူက အသိအမှတ်မပြုတဲ့အခါ ချစ်ရတာပင်ပန်းလာတယ်... ကိုယ်လည်း အချစ်ခံသင့်တယ်မလား...တစ်ခါလောက်အချစ်ခံဖူးချင်ခဲ့တယ်.....
