Part-20(ZG+Uni)

467 57 13
                                        

Zawgyi Version



Perth ဆိုင်မှာတည်းက title ဘေးတွင် ထိုင်နေသော saint ကိုကြည့်ပြီး သူ့စိတ်ထဲ တစ်မျိုးကြီး ဖြစ်ကာ စိတ်မကြည်....ဒါမဲ့ saint ရဲ့ ' 5ting ' ဟူသော အသံကလေးနှင့်သာ သူကျေနပ်ပြီး သီချင်းများကို ကောင်းစွာ သီဆိုဖို့ သူဆုံးဖြတ်ခဲ့သည်...စင်ပေါ်ရောက်သော်လည်း  titleကိုကြည့်ကာ ပြုံးပြနေသော ထိုအပြုံးများကို သူမုန်းလှသည်....

ထိုအပြုံးချိုချိုလေးတွေကို သူ့တစ်ယောက်တည်းအတွက်သာ ဖြစ်ပေါ်စေချင်သည်....အခုတော့သူကလွဲရင် အကုန်လုံးကို ထိုအ​ပြုံးများဖြင့် ဆက်ဆံတတ်သော ကောင်လေးကို သူမုန်းချင်ပေမဲ့ မုန်းလို့မရခဲ့ပေ....

အမုန်းရဲ့ဆန့်ကျင်ဘက် အချစ်တွေသာ သူ့ကိုပေးမိနေသော မိမိကိုယ်ကိုသာ မုန်းလာမိသည်.....သူ့သီချင်းတိုင်းက saint အတွက်သာ သီးသန့် ဆိုပေးနေသော သံစဉ်တွေဖြစ်တယ်ဆိုတာ သူက လွဲ ဘယ်သူမှသိမည်မဟုတ်ပါ....

စင်အောက်ရောက်တော့ စိတ်မကြည်သဖြင့် ဘာမှမလုပ်ချင်တော့ပေ...ဒါမဲ့ saint သူငယ်ချင်း Duen က အတင်းတိုက်နေသဖြင့် အားနာကာ သူသောက်လိုက်မိသည်....သူ့ကို ဆို အမြဲ မလိုလားသောကြည့်တွေဖြင့် ကြည့်တတ်သောကောင်လေးကို သူ ခနလောက်တော့ မေ့လိုက်ချင်သဖြင့် တစ်ခွက်ပြီး တစ်ခွက် သူ အဆက်မပြတ်
သောက်နေသော်လည်း....လူကမူးမလာ....

ရှေ့တည့်တည့် မျက်နှာချင်းဆိုင်တွင်ထိုင်
နေသော အကောင်ပေါက်လေးကိုသာ ထနမ်းချင်လာသည်...အဆောင်ရောက်တော့ စိတ်ပင်ပန်းသဖြင့် နားမည်ကြံသော်လည်း Duen ကို ဆိုင်တွင်ပြန်သွားခေါ်ရသေးသည်....

လမ်းတွင် Duen ပြောသောစကား များ.....သူ့ကိုsaint က...မဖြစ်နိုင်ပါဘူးဟုသာ သူတွေး၍ အဆောင်သို့ လေးလံသော ခြေလှမ်းများဖြင့် လျှောက်လာခဲ့သည်...

အဆောင်အောက်ရောက်တော့ ကောင်းကင်ကြီးကို ငေးမောကြည့်နေသော ကောင်လေးတစ်ယောက်က ညအမှောင်ထဲမှာတောင် တစ်မျိုးကြည့်၍ ကောင်းနေပေသည်...

ခုနကလေး တင်  plan ကိုအဆောင်သို့ လိုက်ပို့ပေးထားရသော saint မောပန်းနေမည်ကို ထိုကောင်လေးသူ့ကိုပါးစပ်နှင့်မပြောလာတောင် သူ့ကိုသရဲတွေ့သလို အလန့်တကြားကြည့်လာသော အကြည့်များဖြင့်  သူသိပါသည်......

Youth With Love❤(Complete)Where stories live. Discover now