Zawgyi Version
နောက်ဆုံးတော့ သူငယ်ချင်းတွေအကုန်လုံးအတူတူ showပွဲသွားဖို့သာ ဆုံးဖြတ်လိုက်ကြသည်...။အမှတ်တရအနေနဲ့ အထက်တန်းတုန်းက ယူနီဖောင်းများဝတ်ဆင်ပြီး ပွဲတက်ကြဖို့သဘောတူလိုက်ကြသည်..။
ဒီအကြံဥာဏ်ကိုပေးသူမှာ Saintသာ ဖြစ်သည်..။
သူငယ်ချင်းတွေဖွဲ့ထားသော Gp Chatတွင်..' ငါတို့ showပွဲကို ပန်းရောင်လေးတွေဝတ်သွားရင်ကော...'
ဒီစာကိုပို့လိုက်သူမှာ ပန်းရောင်ရူး ရူးနေသော plan သာ..။ စာရောက္ပြီးသိပ်တောင် မကြာလိုက် ချက်ချင်းဆိုသလို ပြန်ရလိုက်သော ပြန်စာတွေကတော့...။
' ဝေါ့ဝေါ့...မင်းပဲဝတ်ပန်းရောင်ကတော့..'
(Perth...)' အေးလေကွာ..ယောကျာ်းလေးတွေဖြစ်ပြီးပန်းရောင်ကြီးကတော့မဝတ်ချင်ပါဘူး...'
(Coo..)' သေလိုက် ပန်းရောင်ဝတ်ချင်ရင်မင်းတစ်ယောက်ပဲဝတ်...မင်း ဆံပင်အရောင်နဲ့ဆို သိပ်ကြည့်ကောင်းနေမှာပဲ..ပန်းရောင်ပုတ်သင်ညိုကြီးလို..'
(Saint..)' ငါကတော့မဝတ်ဘူးနော်....'
(Title..)' မင်းတို့ကလည်း ကွာ...သိပ်ချစ်ဖို့ကောင်းလိုက်ကြတာနော်...ငါက BlackPink in your area နဲ့လိုက်အောင် ပန်းရောင်လေးဝတ်ဖို့အကြံပေးမိတာကို....ယောကျာ်းဆန်တဲ့သူက ဘာဝတ်ဝတ်ကြည့်ကောင်းပြီးသားပဲကို...'
' သေလိုက်..အဲ့ဆိုမင်းပဲဝတ်..'
(Perth..)' ငါတို့အထက်တန်းက ကျောင်းဝတ်စုံဝတ်ပြီးသွားကြရင်ကော..အမှတ်တရလည်းဖြစ်တာပေါ့..ပိုငယ်သွားသလိုလည်းခံစားရတယ်..'
(Saint..)' ငါ့ကလေးကတော်လိုက်တာ...ကလေးအကြံအကောင်းဆူံးပဲ..'
(Perth..)Perthတစ်ယောက်ကတော့ ဘေးနားရှိချစ်သူကိုတောင် Gp chatထဲတွင် တကူးတကဝင်၍ တော်ကြောင်းကြွားလုံးထုတ်နေတော့သည်...။
Saint ကတော့ မျက်စောင်းထိုးကြည့်ကာ...အပိုက ဟု ပါးစပ်လှုပ်ရုံပြောလိုက်တော့သည်...။' အင်းငါလည်းသဘောတူတယ်..အမှတ်တရလည်းဖြစ်တာပေါ့...'
(Title..)' ငါလည်းကြိုက်တယ်အဲ့အကြံကို...ပိုငယ်သလိုခံစားရတော့..'
(Coo..)
![](https://img.wattpad.com/cover/192918593-288-k219815.jpg)
YOU ARE READING
Youth With Love❤(Complete)
Teen Fictionကိုယ့်အချစ်တွေကို တဖက်လူက အသိအမှတ်မပြုတဲ့အခါ ချစ်ရတာပင်ပန်းလာတယ်... ကိုယ်လည်း အချစ်ခံသင့်တယ်မလား...တစ်ခါလောက်အချစ်ခံဖူးချင်ခဲ့တယ်.....