2🌺

599 67 0
                                    

[Unicode]

'ယောလ်ငယ် ' နဲ့ကိုယ်နဲ့တွေ့တဲ့အခိုက်မှာ လောကကြီးတစ်ခုလုံး ရပ်တန့်လုမတတ် 'ယောလ်ငယ် ' ကို ကိုယ်ကြည့်မိခဲ့တယ်ဆိုရင် ' ယောလ်ငယ် ' ယုံမှာလား....

အဲ့ဒီနေ့က.....
အတိအကျပြောရရင် နိုဝင်ဘာလ 27 ရက်...

လူတိုင်းလုပ်နေကြတဲ့ ပကာသနပွဲတစ်ပွဲ....ဒါပေမယ့် ပထမဆုံး ပျော်စရာကောင်းတဲ့ပွဲလို့ထင်ခဲ့တာ 'ယောလ်ငယ် ' ကြောင့်....

ရက်စွဲတစ်ခုကို အတိအကျမှတ်မိဖို့မပြောနဲ့ စာအုပ်ထဲတောင်ချမရေးခဲ့ဖူးတဲ့ ကိုယ်ရဲ့ဒိုင်ယာရီထဲမှာ ပထမဆုံးနေရာယူလာခဲ့တဲ့ ပထမဆုံးသော ရက်စွဲလေး....

' ယောလ်ငယ်ရဲ့မွေးနေ့ '

.
.
.
.
.
.
.
.
.
.
.
.
.
.

ကိုယ့်ကိုဖိတ်ခေါ်တဲ့ ပါတီပွဲမို့လို့တက်ရောက်ခဲ့ပေမယ့် ကိုယ်ဝတ္တရားအရသာလာခဲ့တာ...
ဒီလိုပွဲတွေကို အရင်ပွဲတွေတုန်းက ကိုယ်မတက်ခဲ့ဘူး ' ယောလ်ငယ် ' ....

ဒါပေမယ့် ဒီပွဲကို တက်ဖြစ်အောင် စီစဉ်ပေးခဲ့တဲ့ကံကြမ္မာကို ကိုယ် အရမ်းကျေးဇူးတင်တယ်....

'ယောလ်ငယ် ' နဲ့ ပထမဆုံးတွေ့ဆုံမှုမို့လို့....

ကိုယ် 'ယောလ်ငယ် ' ကို စတွေ့ခဲ့တဲ့ အချိန်က မြူနှင်းတွေကြားထဲမှာ... 'ယောလ်ငယ် ' က ရေကန်လေးဘေးမှာထိုင်နေခဲ့တာ....

နတ်သားတွေမရှိဘူးလို့ ယုံကြည်ခဲ့တဲ့ကိုယ်က ' ယောလ်ငယ် ' နဲ့တွေ့မှ အဲ့ဒီယုံကြည်မှုကို စွန့်လွှတ်ခဲ့ရတယ်...

လရောင်အောက်ကယောလ်ငယ်က အရမ်းတောက်ပ‌နေလို့ ကိုယ့်အာရုံတွေ ယောလ်ငယ်ဆီက မလွှဲနိုင်ခဲ့ဘူးဆိုတာ 'ယောလ်ငယ် ' ယုံနိုင်မလား...

အာ....နောက်ထပ်ကျေးဇူးတင်ရမယ့်လူတစ်ယောက်ကို ကိုယ်မေ့သွားတယ်...
' ယောလ်ငယ် ' လေးရဲ့မွေးသဖခင်ကြီး Mr. Park လေ...အဟက်! သူက ကိုယ့်ကို ဒီပွဲကိုဖိတ်ခေါ်ခဲ့တာလေ...

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now