13🌺

539 57 94
                                    

[Unicode]

"လူကျိ.."

"လူကျိလို့.. ဟင့်!"

"ယောလ်ငယ်ရဲ့ဗိုက်ထဲကို ကလေးလေးသေးသေးလေးထည့်ပေးလို့...နော်! နော်! နော်!"

ယောလ်ငယ်လေးက လက်ကိုဆွဲကာ တစ်ကိုယ်လုံးကို လှုပ်ရမ်းပြီး ပူဆာတော့ Kim Jongin မှာ ခါးနာနေတဲ့ဒဏ်က ပိုဆိုးလာသည်.... အကြောင်းကား တစ်သက်လုံးလုပ်ဖို့ လုံးဝစိတ်ကူးမထားတဲ့ အလုပ်ကို တစ်ညလုံးလုပ်ထားရတာကြောင့်ပင်....

ထိုအလုပ်သည်ကား တစ်ညလုံးမအိပ်ရဘဲ EXO ရဲ့ don't go သီချင်းနဲ့ တစ်ညလုံးအက‌လေ့ကျင့်နေရတာပင်...

အကြောင်းအရာအားလုံး၏တရားခံကား ထို TV အစုတ်‌ကြောင့်.... အရင်ရက်တွေကလည်း အဲ့ TV ကိုကြည့်ပြီးတော့ အဲ့သီချင်းကို လိုက်ကနေတာ....လက်လေးကို လိပ်ပြာတောင်ပံလေးတွေလိုလုပ်ပြီးတော့ ကနေတာ....

ဧည့်ခန်းပေါက်ကနေ ကိုယ်ချောင်းကြည့်နေတာလည်းသိရော အဲ့လိုလိုက်ကပြပါတဲ့.... အဲ့နေ့က နောက်‌နေ့ကျရင် ကပြပါ့မယ်ဆိုပြီး ကတိပေးလိုက်ရတယ်... အဲ့ကတိကြောင့် သုံးလပြည့် Anni day မှာ ယောလ်ငယ်လေးကို surprise လုပ်မလို့လေ့ကျင့်နေတာ...
အခုလည်း ဗိုက်ထဲကို ကလေးသေးသေးလေးထည့်ပေးပါတဲ့...

ယောလ်ငယ်လေးရဲ့ လိုအပ်ချက်တွေအကုန် ဖြည့်ဆည်းပေးနိုင်ပေမယ့် အဲ့ကိစ္စက ကိုယ့်ရဲ့ယောလ်ငယ်လေးအန္တရာယ် ဖြစ်မှာမို့လို့ ကိုယ်လုံးဝခွင့်မပြုဘူး...

"ကိုယ့်ရဲ့ယောလ်ငယ်လေး ကိုယ့်ကို မဆွဲနဲ့နော်... ကိုယ့်ရဲ့ခါးနာနေလို့"

"ဟင်! လူကြီး ခါးနာနေလို့ ဟုတ်လား! ပြပြ!"

ခါးနာနေလို့ဆိုတော့ လှုပ်ရမ်းပြီးပူဆာနေတဲ့ခန္ဓာကိုယ်လေးက ငြိမ်သွားပြီး ဆွဲထားတဲ့လက်လေးတွေကို လွှတ်ချလိုက်တဲ့ယောလ်ငယ်လေး... ပြီးမှ အင်္ကျီကို ဇွတ်အတင်းလှန်ကြည့်ပြီးနေပြန်သည်...

ယောလ်ငယ်လေးက ကိုယ့်ကိုတော့ စိုးရိမ်တတ်သားဘဲ.... ကိုယ်သေပျော်ပါပြီကွာ....

"ရတယ်နော်... ပျောက်သွားလိမ့်မယ်"

"ဟာ... ရပါပု.. ပြပါဆို.. ဆေးလိမ်းပေးမို့"

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now