7🌺

406 50 1
                                    

[Unicode]

"ဟာ........လူကျိ ပြန်ပြောဆို..ဟင့်"

ခဏနေ‌တော့ ရင်ဘတ်ပေါ်မှာပါးအပ်ပြီး စိတ်ကောက်နေရာက ခေါင်းလေးထောင်ကြည့်ပြီး ရန်လုပ်ပြန်သည်...

"ဘာပြောရမှာလဲ ကိုယ့်ရဲ့ယောလ်ငယ်လေး"

"ချစ်တယ်လို့ပြောဆိုဟာ~~~လူကြီးရာ~~~"

"ကိုယ်က ယောလ်ငယ်ကိုမချစ်ဘူး"

"လူကြီးစက်ရက်တယ်....ဗြဲ~~~"

မချစ်ဘူးလို့ပြောလိုက်လို့ ဗြဲခနဲထငိုပါတဲ့
ယောလ်ငယ်....

ယောလ်ငယ်က ကိုယ့်ပေါ်မှာရှိနေတာကြောင့် ဗိုက်ပေါ်ကို တက်ခုန်ပြီးငိုတယ်....

ဗိုက်အင့်ပေမယ့် ယောလ်ငယ်ရဲ့မျက်ရည်တွေကိုမြင်ရလို့ ပူလောင်နေတဲ့ ကိုယ့်ရင်ခွင်လောက် မနာကျင်လို့...

ပြီးတော့ စက်ရက်တယ်တဲ့...စက်ရက်တာက ဘာလဲ....

"ကိုယ့်ရဲ့ယောလ်ငယ်‌လေး မငိုရဘူးလေ"

"ငိုမှာဘဲ..ဟင့်.. လူကြီးက..အင့်.. ချန်းကိုမှမချစ်တာ..sob..ချန်းကို daddy ဆီပြန်ပို့ပေး.....အူးဝါးးး~~~လူကြီးက ချန်းကို စက်ရက်တယ်..ဟင့်"

ဗိုက်ပေါ်ကကိုယ်လုံးလေးကို ဆောင့်ဆောင့်ပြီးပြောတော့ ဗိုက်ကအင့်သည်ထက်အင့်လာသည်....

လာပြန်ပြီ စက်ရက်တာ...
ယောလ်ငယ်ရေ ကိုယ်ရူးတော့မယ်....
ယောလ်ငယ်ပြောတဲ့စကားတွေကို အကုန်နားမလည်တဲ့ကိုယ့်ကိုကိုယ်ဒေါသထွက်တယ်....

"‌ကိုယ့်ရဲ့ယောလ်ငယ်လေး ကိုယ်ပြောမယ် နားထောင်နော်"

"ချစ်တယ်လို့ပြောဆိုဟာ~~~"

"ကိုယ်ပြောတာတွေကိုနားထောင်ရင် ပြောမယ်"

သူကြားချင်တာ ပြောမယ်ဆိုမှ ငြိမ်ကြသွားတဲ့ဗိုက်ပေါ်ကနတ်သားလေး....

"ယောလ်ငယ်လေးကို ကိုယ်က မြတ်နိုးတာ...
ကိုယ့်အသက်ထက်ပိုပြီးတန်ဖိုးထားတယ်...
ကိုယ့်ဘဝမှာ ယောလ်ငယ်လေးကတန်ဖိုးအရှိဆုံး...ကိုယ့်ရဲ့ကမ္ဘာကြီးက ကိုယ်ရဲ့ယောလ်ငယ်လေးရှိလို့ ပြည့်စုံလာတာ"

"မြတ်နိုးတာဆိုတာ ဘာကြီးလဲ"

ခက်တာဘဲ ယောလ်ငယ်ရေ....
ကိုယ်ဘယ်လိုဖြေရမှာလဲကွာ.....
ယောလ်ငယ်ကို ကိုယ့်အသက်ထက်ပိုပြီးချစ်တာလို့ဖြေရမှာလား....
မဖြေဘူး...ကိုယ်က ယောလ်ငယ်ကို ချစ်တာထက်ပိုတယ်....
ချစ်တယ်ဆိုတာ ကိုယ့်ရဲ့အဘိဓာန်မှာ အရူးထတဲ့လူတွေပေးတတ်တဲ့ ဆင်ခြေတစ်ခုဘဲ.....

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now