25🌺

299 50 75
                                    

[Unicode]

Sehun တို့ Norway ကိုရောက်နေတာ သုံးပတ်ရှိပြီ... သုံးပတ်အတွင်းမှာ ပန်းလေးက ဘာမှလည်းသိပ်မစား... တမှိုင်မှိုင်တ‌‌တွေတွေနဲ့ပန်းလေးက သူ့ကိုလည်းစကားသိပ်မပြောပါ... ထမင်းတောင်မှ သူအရမ်းဗိုက်ဆာလို့မနေနိုင်တဲ့အချိန်နဲ့ Sehun အတင်း‌ချော့မော့ပြီးကျွေးတဲ့အချိန်မှ နည်းနည်းလေးသာစားသည်...

'လူကြီးဆီပြန်ပို့ပေးပါ ကိုကို' ဆိုတဲ့ စကားကတော့ ပန်းလေးရဲ့နှုတ်ခမ်းထူထူလေးပွင့်အာလာတဲ့အချိန်တိုင်းမှာ မပြောဘဲမနေတဲ့စကားလေး... ပန်းလေးရဲ့ပါးစပ်ကထွက်သမျှစကားတိုင်းကို အမိန့်တစ်ခုအတိုင်းလိုက်နာမှာမှန်ပေမယ့် ဒီစကားကိုတော့ လုံးဝမလိုက်နာနိုင်ပါ... ပန်းလေးနဲ့အတူနေတဲ့အတောအတွင်းမှ သိခဲ့ရတာက ပန်းလေးမရှိရင် Sehun ရူးသွားမှာ...

သူတို့နှစ်ယောက် Korea ကနေ ပန်းလေးကိုခေါ်လာတဲ့နေ့ကတည်းက ညတွင်းချင်းထွက်လာခဲ့ကြသည်... လေယာဉ်စီးတဲ့အချိန်မှာ ပြုံးရွှင်နေတဲ့ပန်း‌လေးရဲ့မျက်နှာလေးကို Sehun လုံးဝမေ့မရ... ကလေးစိတ်နဲ့ပန်းလေးက နိုင်ငံရပ်ခြားကိုတစ်ခါမှမသွားဖူးလို့ လေယာဉ်စီးတဲ့အချိန်မှာ ပျော်ရွှင်နေတဲ့မျက်နှာနုနုကို Sehun တကယ်မြတ်နိုးရပါသည်... ပြုံးပျော်နေလိုက်တာများ ပါးဖောင်းဖောင်းလေးနှစ်ဖက်က နီရဲပြီးမို့တက်နေတဲ့အထိ... နီရဲနေတဲ့ ပါးမို့လေးတွေကို နှာခေါင်းနစ်ဝင်သွားအောင်နမ်းချင်ပေမယ့် နူးညံ့နေတဲ့ပါးလေးနာသွားမလားဆိုတဲ့အသိစိတ်ကြောင့် မနမ်းရက်ခဲ့...

လေယာဉ်ပေါ်မှာ ပန်းလေးက Sehun ကိုပြောသည်...

"ကိုကို ချန်းကို ဒယ်ဒီဆီလိုက်ပို့မှာဆို...
အရင်က ဒါကြီးကိုမစီးဖူးပါဘူး" တဲ့...

Sehun တစ်ယောက် ဘာပြန်ပြောရမှန်းမသိဖြစ်နေတဲ့အချိန်မှာ ပေါင်ပေါ်ကို မျက်နှာချင်းဆိုင်ခွထိုင်ပြီး ခါးကိုတွယ်ဖက်လာတဲ့ လက်လေးတွေ...

ပြီးတော့ ဝှါးခနဲတစ်ချက်သန်းရင်း ပြောလာတာက "ချန်းအိပ်ချင်လို့" တဲ့...

ရုတ်တရက်ဆန်လှတာမို့ Sehun လက်တွေက လေထဲတွင် ကားယားကြီးဖြစ်‌နေသည်.... မြန်ဆန်လွန်းလှတဲ့အဖြစ်အပျက်တွေကို Sehun လိုက်မှီအောင်ကြိုးစားရသည်...

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now