29🌺

257 43 20
                                    

[Unicode]

Yixing တစ်ယောက် တာဝန်ချိန်တောင်မပြီးသေးဘဲ Seojin ဖုန်းဆက်တာကြောင့် အသည်းအသန်ပြေးလာရသည်...

စံအိမ်တော်ကိုရောက်တဲ့အခါမှာ ကုတင်ပေါ်မှာ‌မှေးစက်နေတဲ့ ကိုယ့်ရဲ့တစ်ဦးတည်းသော သူ...

Seojin ပြောပုံအရဆိုရင် ဂိုဏ်းထဲကိုရောက်ခါစက ပုံစံအတိုင်းပြန်ဖြစ်နေတာ သေချာသလောက်ရှိနေပြီ...

မလှပခဲ့တဲ့အတိတ်စာမျက်နှာတချို့မှာ ကိုယ်ချစ်ရတဲ့သူဟာ ကိုယ့်အတွက် သူ့ရဲ့ဘဝဆစ်ခုလုံးကို ဒီဒုစရိုက်ဂိုဏ်းထဲမှာမြှုပ်နှံခဲ့တဲ့အဖြစ်တွေက အစီအရီခေါင်းထဲပြန်ဝင်လာလေသည်...

လွန်ခဲ့တဲ့ ၁၈ နှစ်ရဲ့ တစ်ခုသောညက...

လမ်းမကြီးဘေးကတစ်‌နေရာမှာလဲနေတဲ့ သူ...
ကိုယ်နဲ့တစ်ကြိမ်တစ်ခါတွေ့ဖူးတဲ့ သူ...
ကိုယ့်လိုကလေကချေတစ်ယောက်ကို အဖတ်လုပ်ပြီးစကားပြောဖူးတဲ့ သူ...
ဒါပေမယ့် သူက ဘာလို့ဒီမှာလာအိပ်နေရတာလဲ...

"Jongin..."

လူတွေအဖတ်လုပ်မခံရတဲ့သူတစ်ယောက်က ပထမဆုံးလူလိုသူလို သူငယ်ချင်းတစ်ယောက်ဆက်ဆံပေးခဲ့တဲ့သူ့ရဲ့ နာမည်ကို တစ်ကြိမ်ထဲနဲ့မှတ်မိတာ သိပ်တော့မဆန်းလှ... ရှိတဲ့ဦးနှောက်ကြီးက မှတ်စရာမှမရှိဘဲ...

"Jongin... ထလေကွာ"

အချိန်အတန်ကြာခေါ်နေသည့်တိုင်အောင် သူထမလာခဲ့ဘူး...

"သတိလစ်နေတာလားဟ?"

လဲကျနေတဲ့သူကိုလှုပ်နှိုးသော်လည်း ထမလာခဲ့တာကြောင့် ထိုအနီးအနားမှာရှိတဲ့ အရိပ်ကောင်းတဲ့သစ်ပင်ကြီးအောက်ကို သူ့ကိုလက်မောင်းကနေမ,ကာ ဆွဲခေါ်‌သွားပြီး ကိုယ်ကတော့ သစ်ပင်ကြီးမှာမှီပြီး ခြေဆင်းကာထိုင်လိုက်သည်... သူ့ရဲ့ခေါင်းကိုတော့ ကိုယ့်ရဲ့ပေါင်ပေါ်မှာတင်ပေးထားလိုက်ပြီး အိပ်စေခဲ့သည်...

ရာသီအကူးအပြောင်းကာလအချိန်ဖြစ်တာကြောင့် အေးတို့ကတစ်ချက်တစ်ချက်တိုက်ခတ်လာတတ်သေးသည်...
သူများ.. အေးနေမလားဆိုတဲ့စိတ်ကြောင့် Yixing အိပ်မပျော်ခဲ့ဘဲ လက်ဖဝါးနှစ်ဖက်ကိုပွတ်တိုက်ကာ ထွက်လာတဲ့အနွေးဓာတ်နဲ့ သူ့ပါးကိုကပ်ပေးလိုက် လက်ဖဝါးတွေကိုဆုပ်ကိုင်လိုက်လုပ်ပေးခဲ့သေးသည်...
အဲ့ဒီနေ့ညက ထိုသစ်ပင်ကြီးအောက်မှာဘဲ နှစ်ယောက်သားမိုးလင်းခဲ့ကြသည်...
ထိုအချိန်ကတည်းက သူဟာ ကိုယ့်ရဲ့မသိစိတ်ထဲမှာ မသိမသာနေရာယူနေခဲ့တာထင်ပါရဲ့...

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now