19🌺

368 55 37
                                    

[Unicode]

"လူကြီးရေ~~~~"

အင့်*

အလုပ်လုပ်နေတဲ့ကိုယ့်အနားကို ပြေးလာပြီး ပေါင်ပေါ်ကိုတက်ထိုင်လိုက်တာ လူကိုအင့်ခနဲတောင် အသံထွက်သွားသည်... တကယ်ပါ ဒီရက်ပိုင်းမှာယောလ်ငယ်လေး အစားမက်လာတာ ဝက်ပုတ်ကလေးဖြစ်နေပြီ... အရင်က ဖောင်းနေတဲ့ပါးလေးတွေကလည်း ပိုဖောင်းပြီး ပါးမို့လေးတွေကလည်း လသားကလေးတွေလိုနီရဲနေတတ်သေးတာ...

"ပျင်းလိုက်တာ... ဟီး"

ခါးကိုဖက်ထားလျက်နဲ့ ရင်ခွင်ထဲကနေ မျက်နှာလေးမော့ကြည့်ပြီး ရယ်ပြလာတဲ့ယောလ်ငယ်လေး...

"ကိုယ်က ဘာလုပ်ပေးရမှာလဲ ကိုယ့်အသည်းလေးရဲ့.. ဟင်!?"

"ပူတင်းစားချင်တယ်... ပြွတ်စ်* လူကြီးလုပ်ကျွေးနော်... ခ်ခ်"

သူစားချင်တာပြောပြီး နှုတ်ခမ်းကိုလာနမ်းသည်... ခိုင်းစားလို့ကောင်းအောင်လို့... ယောလ်ငယ်ဟာ တကယ်ကိုအလည်လေး...

"ဘာတွေများရယ်စရာပါလို့လဲ ကိုယ့်ရဲ့ယောလ်ငယ်လေးရဲ့... ဒီရက်ပိုင်းဘာတွေပျော်နေတာလဲဟင်... အချိန်ပြည့်ရယ်နေတယ်"

"မသိဘူး... ဒီတိုင်း လူကြီးနဲ့နေရရင်ကို‌ပျော်နေတာ... ဟိဟိ"

"ဟဟ.. ဟုတ်ပါပြီကွာ... ပူတင်းစားမှာဆို... သွားမယ်လေ ထ"

"လူကြီး ချီသွားလေ"

"ယောလ်ငယ်က ဝက်ပုတ်လေးဖြစ်နေတော့ ကိုယ်ကမချီနိုင်တော့ဘူး"

"ဟင့်.. လူကျိက ယောလ်ငယ်ကိုချစ်တော့ဝူးလား"

"ဟာ... မငိုပါနဲ့ကွာ... ကိုယ်ကစတာပါ... ကိုယ့်ရဲ့ယောလ်ငယ်လေးကိုချီရမှာပေါ့... ကိုယ့်လည်ပင်းကိုသေချာဖက်ထား"

"ပြွတ်စ်.. အာ့ကြောင့် လူကျိကိုချစ်တာ.. ခ်ခ်"

လူကိုအဲ့ဒါလေးတွေနဲ့ဘဲခိုင်းစားနေတာ...

ဒီရက်ပိုင်းယောလ်ငယ်လေး အစားမက်တာဟာတော်ရုံမဟုတ်... အအိပ်မက်တဲ့ယောလ်ငယ်ဟာ အစောကြီးထတတ်လာသည်...
မနက်လင်းလို့မျက်လုံးနှစ်လုံးပွင့်တဲ့အချိန် လူကိုအတင်းနှိုးတယ်...

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now