27🌺

246 48 48
                                    

[Unicode]

"ခေါင်းဆောင်ကြီး... သခင်လေးကိုရှာတွေ့ပါပြီ"

ရီဝေဝေနဲ့မူးနေတဲ့စိတ်တွေတောင် ယူပစ်လိုက်သလို လွင့်ပျောက်သွားသည်...
ချစ်ရသူလေးဟာ ဤမျှအထိ စွမ်းနိုင်ပါသည်... ကိုယ့်စိတ်နဲ့ခန္ဓာကိုယ်ကိုတောင် မပိုင်တော့သည်အထိပေါ့...

"ဘယ်..ဘယ်မှာ..တဲ့လဲ.."

အချစ်ကအရာရာပြောင်းလဲစေတယ်ဆိုတာ အရမ်းမှန်တယ်... ကိုယ်လည်း အချစ်နဲ့တွေ့မှ တစ်ခါမှမထစ်ဖူးတဲ့စကားတွေလည်းထစ်ကုန်ပြီ... အခုဆို ယောလ်ငယ်လေးနဲ့တွေ့ရတော့မယ်ဆိုတဲ့ အသိစိတ်ကြောင့် ရင်တုန်ပန်း‌တုန်တွေကိုဖြစ်လို့...

မင်းသိပ်ဆိုးတယ် ကိုယ့်ရဲ့ယောလ်ငယ်~~~~

"ဂျပန်မှာပါ ခေါင်းဆောင်ကြီး.."

ဂျပန်? မဖြစ်နိုင်တာ...
ဟိုတစ်ခေါက်ကတောင် ဂျပန်မြေမှာ ကိုယ်ကိုယ်တိုင်မြေလှန်ပြီးရှာခဲ့တာကို...

ကိုယ့်ရဲ့‌ခြေဖဝါးအောက်ကဂျပန်မြေမှာ မင်းရှိတယ်တဲ့လား...

ကိုယ်ကဘဲ အသုံးမကျခဲ့တာလား...
မင်းလေးကဘဲ အပုန်းကောင်းနေတာလား...

ဘာဘဲဖြစ်ဖြစ် ကိုယ်ကတွေ့ချင်တဲ့သူ...
ကိုယ်က အချစ်တွေပေးချင်တဲ့သူဆိုတော့ ကိုယ်ကဘဲ ပုန်းနေတဲ့မင်းလေးကိုရအောင်ရှာရမှာပေါ့လေ...

"သွားမယ်.. အခုချက်ချင်း!!"

ယောလ်ငယ်ကိုတွေ့ရတော့မယ်ဆိုတဲ့အသိ‌လေးကတောင်မှ ကိုယ်ရဲ့ယိုင်နဲ့နေတဲ့ခြေလှမ်းတွေကို ချက်ချင်းတည့်မတ်သွားအောင်စွမ်းဆောင်နိုင်တယ်...

ကိုယ် ယောလ်ငယ်နဲ့တွေ့တာနဲ့ ကိုယ့်ရဲ့အပြစ်တွေကိုဝန်ချပြီးတောင်းပန်ပါ့မယ်...
အရာရာတိုင်းကို ကိုယ့်ယောလ်ငယ်လေးရဲ့သဘောအတိုင်း ဖြစ်စေရမယ်...
ကိုယ့်ရဲ့ယောလ်ငယ်လေးကို အော်လည်းမအော်တော့ဘူး... ဆူလည်းမဆူတော့ဘူးနော်...

ယောလ်ငယ်လေးကိုပြန်တွေ့တဲ့အချိန်ကျရင်  ကိုယ့်ရင်ခွင်မှာဘဲ ထွေးပွေ့ထားတော့မှာမို့...
ကိုယ့်ရဲ့ယောလ်ငယ်လေးကြားချင်တဲ့ချစ်တယ်ဆိုတဲ့စကားကိုလည်း ခဏခဏပြောမှာမို့... နောက်တစ်ခါ ကိုယ့်ရင်ခွင်ထဲက ထွက်ပြေးဖို့မကြိုးစားပါနဲ့တော့ယောလ်ငယ်...

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now