[Unicode]
နာကျင်မှုတွေ အကြိမ်ရေစိတ်လာတဲ့ ယောလ်ငယ်ကြောင့် ဆေးရုံကို လွန်ခဲ့တဲ့တစ်လလောက်ကတည်းက ရောက်နေခဲ့သည်...
ပုံမှန်မဟုတ်တဲ့ကိုယ်ဝန်ဆောင်ဖြစ်နေတာကတစ်ကြောင်း... တစ်ယောက်တည်းလည်းမဟုတ်တဲ့ အမြွှာလေးတွေကြောင့် ဒီရက်ပိုင်းအတွင်းမှာ ယောလ်ငယ်လေး သိသိသာသာပင်ပန်းလာတာမြင်ရတော့ ရင်ထဲက နာကျင်မှုတွေနဲ့စိုးရိမ်မှုတွေက မဖုံးနိုင်မဖိနိုင်ဖြစ်လာသည်...
ဆရာဝန်တွေကတော့ " သွေးအားနည်းတယ်ဆိုတာ ကိုယ်ဝန်ဆောင်တိုင်းဖြစ်တတ်တယ် " လို့ပြောပေမယ့် မြတ်နိုးရတဲ့ကလေးငယ်ကို စိတ်မချနိုင်ပါ...
မွေးခါနီးလေ အားနည်းလေဖြစ်လာတဲ့ယောလ်ငယ်လေးရဲ့မျက်နှာက ဖြူဖျော့ဖျော့လေးဖြစ်နေပြီ...
မနက်ဖြန် ကလေးငယ်ရဲ့မွေးနေ့ဖြစ်လို့ ပျော်နေရမှာကို နာကျင်နေရပြီ... ကိုယ်တောင်းပန်ပါတယ် ကလေးရယ်...
ခုနကမှ " ဗိုက်နာတယ် လူကြီး... " လို့
ခပ်ဖွဖွလေး ငြီးတွားလာတဲ့ယောလ်ငယ်...မျက်ရည်အတွေတွေကျနေတဲ့ မျက်နှာဖျော့ဖျော့လေးက နာကျင်မှုကိုမြိုသိပ်နေရတာ အရမ်းသိသာလှသည်...
အရင်ကအတိုင်းဆိုရင် အော်ဟစ်ငိုယိုပြီး
" လူကြီးရေ... ဗိုက်နာတယ်!!! " လို့အသံစာစာလေးနဲ့အော်ပြောမယ့်အစား တိုးလျလျလေးသာထွက်လာတဲ့ အသံလေးက စိုးရိမ်မှုတွေကို မီးစထိုးပေးနေသလိုပင်...ခွဲခန်းရှေ့ကိုရောက်တဲ့အထိ လမ်းတစ်လျှောက်လုံးမှာ ကိုယ့်ရဲ့လက်တွေကိုဆုတ်ကိုင်တဲ့ အားမပါတဲ့လက်လေးတွေ...
ခွဲခန်းရှေ့ရောက်တော့...
"လူနာရှင်... အထဲကိုလိုက်ဝင်လို့မရပါဘူး"
ကြားလိုက်ရတဲ့ သူနာပြုတစ်ယောက်ရဲ့အသံ...
"လူကြီး~~~"
ခေါ်သံတိုးလျလျနဲ့အတူ မျက်ရည်တွေရစ်ဝိုင်းနေတဲ့ မျက်လုံးလေးတွေ...
မျက်ခွံလေးပေါ်အနမ်းတစ်ပွင့်ခြွေချမိသည်...
ဆုပ်ကိုင်ထားတဲ့လက်လေးရဲ့လက်ဖမိုးလေးပေါ်ကိုလည်း နှုတ်ခမ်းတွေနဲ့ ခပ်ဖွဖွထိတွေ့လိုက်သည်...
YOU ARE READING
❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁
Fanfiction꧁ Chanyeol is uke ꧂ ༆Ⓚ︎Ⓐ︎Ⓘ︎Ⓨ︎Ⓔ︎Ⓞ︎Ⓛ︎༆ ⚠︎If you don't like this otp, you don't read this fiction. ⚠︎M- preg⚠︎ 🌠Started in June 6, 2020🌠 🌠End in January 3, 2021🌠 ပန်းလေးလိုနူးညံ့တဲ့ ကလေးတစ်ယောက်ကိုမှချစ်မိခဲ့တာ ကိုယ့်အပြစ်မဟုတ်ဘူး ယောလ်ငယ်ရေ...