[Unicode]
"လူကြီးရေ..."
"လူကြီး..."
"လူကြီးလို့..."
Jongin အခန်းအပြင်ဘက်ကိုရောက်တာနဲ့ အသံစာစာလေးတွေကို ကြားရသည်... အိမ်ကိုပြန်ရောက်တဲ့အချိန်ကတည်းကစပြီး သူ့ရဲ့မျက်စိအောက်ကနေ ကျွန်တော့်ကိုအပျောက်မခံ... နေ့လည်စာပြင်မလို့ အခန်းထဲကထွက်လာတာမှမကြာသေး တစာစာအော်နေပြန်တဲ့ ယောလ်ငယ်လေးပါလေ...
"လူကြီးကကွာ...
ခေါ်နေတာကို မထူးဘူး!"အခုလည်း အခန်းထဲကထွက်လာပြီး ရန်ထောင်နေပြန်ပါပြီ...
အရင်က အပေါ်ထပ်မှာနေကြတာမှန်ပေမယ့် ဗိုက်ထဲက baby လေးတွေနဲ့ဆိုတော့ အဆင်းအတက်ကိုစိတ်မချတာမို့ အောက်ထပ်ကအခန်းမှာဘဲနေသည်... ယောလ်ငယ်လေးဆိုသည်မှာလည်း သိတဲ့အတိုင်းဘဲ ကလေးလို အမြဲတမ်း တတောက်တောက်နဲ့လျှောက်သွားနေတတ်တာကြောင့်ပင်... မတော်လို့သာ တစ်ခုခုဖြစ်သွားခဲ့ရင်ဆိုတာ အတွေးနဲ့တောင် ရင်ကွဲမတတ်... ခွဲခွာခဲ့ရတဲ့အချိန်တွေမှာ ဘယ်လောက်ထိတောင်ခံစားခဲ့ရတာလဲဆိုတာ ကိုယ်တိုင်သာအသိဆုံးမို့...
"ယောလ်ငယ်လေး အဲ့မှာဘဲထိုင်နေ"
ထမင်းစားခန်းထဲကို ဆူပုပ်ပုပ်နဲ့ဝင်လာတဲ့ ယောလ်ငယ်လေးက ကျွန်တော့်အနားကိုလာနေတာမို့ ထမင်းစားပွဲကထိုင်ခုံမှာဘဲထိုင်ဖို့ တားလိုက်သည်...
"ဟာ... လူကြီးရဲ့အနားကို လာချင်တာပါဆို"
"အပူလောင်လိမ့်မယ် ကလေးရယ်...
ကိုယ့်ရဲ့ယောလ်ငယ်လေးက လိမ္မာပါတယ်ကွာ... အဲ့မှာ ခဏလေးထိုင်နေနော်""ဟွန့်!"
နှုတ်ခမ်းလေးကိုထော်ပြီး ထိုင်ခုံပေါ်ကိုထိုင်ချလိုက်တာမှ ဘုတ်ခနဲ အထုတ်လေးပစ်ချလိုက်တဲ့အတိုင်းဘဲ...
"ကလေးရယ်... အဲ့လိုကြီးမထိုင်ရဘူးလေ"
Jongin လန့်သွားတာကြောင့် စိုးရိမ်တကြီးနဲ့ ဟင်းချက်ရင်းတန်းလန်းနဲ့ လက်ထဲကဇွန်းကြီးကိုချပြီး ယောလ်ငယ်လေးရဲ့အနားကို ချက်ချင်းသွားရသည်...
"လူကြီးဘဲထိုင်ဆို!"
ဘောက်ဆတ်ဆတ်လေသံလေးနဲ့ ပက်ခနဲပြန်ပြောလာတဲ့ ကလေးအဖေပေါက်စ... မျက်စောင်းလေးကတစ်ချက်ထိုးလိုက်သေးသည်... ယောလ်ငယ်လေးကိုလေ အူယားတိုင်းသာ စိတ်ရှိလက်ရှိ ထိုင်ညှစ်ပစ်လိုက်ရင်တော့ကွာ...
YOU ARE READING
❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁
Fanfikce꧁ Chanyeol is uke ꧂ ༆Ⓚ︎Ⓐ︎Ⓘ︎Ⓨ︎Ⓔ︎Ⓞ︎Ⓛ︎༆ ⚠︎If you don't like this otp, you don't read this fiction. ⚠︎M- preg⚠︎ 🌠Started in June 6, 2020🌠 🌠End in January 3, 2021🌠 ပန်းလေးလိုနူးညံ့တဲ့ ကလေးတစ်ယောက်ကိုမှချစ်မိခဲ့တာ ကိုယ့်အပြစ်မဟုတ်ဘူး ယောလ်ငယ်ရေ...