5🌺

442 57 4
                                    

[Unicode]

"ဟင်! ချန်းလေး! သားက Mr.K ရဲ့လက်ကိုဘာလို့ဆွဲထားတာလဲ! အခုလွှတ်လိုက်စမ်း! "

"မလွှတ်ဘူး! ချန်းက လူကြီးနဲ့အိပ်မလို့ လူကြီးကိုချန်းခေါ်လာတာ!"

ကျွန်တော့်လက်ကို အတင်းဆွဲကာ လှေကားပေါ်အတင်းတက်မလို့လုပ်နေပြန်တဲ့ ယောလ်ငယ်....

"ပတ်ချန်းယောလ်!! မင်းကို လွှတ်လိုက်လို့ အခုငါပြောတယ်မလား!!"

"အီး~~~လူကြီးရေ....daddy က ချန်းကိုအော်တယ်"

မငိုပါနဲ့ကိုယ့်ရဲ့‌ယောလ်ငယ်....

ကိုယ့်ရဲ့ယောလ်ငယ်မငိုအောင် ကိုယ်ကာကွယ်ပေးမှာမို့...ကိုယ့်ရဲ့ယောလ်ငယ်ရဲ့မျက်ဝန်းလှလှလေးတွေကနေ မျက်ရည်ဆိုတဲ့မလှပတဲ့အရည်တွေမကျအောင် ကိုယ်က စောင့်ရှောက်ပေးမှာမို့....

"Mr.Park! ကျုပ်ပြောစရာရှိတယ်!"

"ဗျာ! Mr.K! ကျွန်တော့်သားလေးက အသိစိတ်ပုံမှန်မဟုတ်လို့ ချန်းလေးရဲ့အမှားကို စိတ်ထဲမထားပါနဲ့ဗျာ! ကျွန်တော်တောင်းပန်ပါတယ်....ချန်းလေးကိုလည်း တောင်းပန်ခိုင်းပါ့မယ်"

ကျွန်တော်ပြောလိုက်တော့ ပြာပြာသလဲတောင်းပန်တဲ့ Mr.Park ....

ကျွန်တော်ပြောစရာရှိတယ်ဆိုရင် သူ့တို့ရဲ့ပိုင်ဆိုင်မှုကို သိမ်းပိုက်ဖို့နဲ့ အသက်ကိုလိုချင်လို့ဘဲဆိုတာ K ဆိုတဲ့နာမည်ကိုကြားတဲ့လူတိုင်းသိကြတယ်လေ....

ကျွန်တော်ဆိုတဲ့ကောင်ကို အဲ့လောက်ထိကြောက်ကြတာပါ....

အဲ့လိုလူတွေထဲမှာ ကျွန်တော့်ရဲ့ယောလ်ငယ်လေးမပါခဲ့ဘူး....ဒါကိုဘဲ ကျွန်တော်ကျေနပ်ပါတယ်...

"တောင်းပန်လို့ပြီးသွားတဲ့ကိစ္စမဟုတ်ဘူး Mr.Park!!"

"ဗျာ!!'

ကျုပ်ယောလ်ငယ်ကို ပိုင်ဆိုင်ရမှ ပြီးမယ့်ကိစ္စ....

"ခင်ဗျားသားက ကျုပ်အပေါ်မှာ အမှားအကြီးကြီးကို ကျူးလွန်ထားတယ်"

ကျုပ်ရဲ့နှလုံးသားကိုလှုပ်ခတ်စေတဲ့အပြစ်....

စိတ်ထဲကစကားသံတစ်ချို့ကိုတော့ မပြောဖြစ်ခဲ့တော့....ကျွန်တော့်နှလုံးသားကစကားသံ‌တွေကိုကြားဖို့မတန်တဲ့လူတွေလေ....

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now