15🌺

417 51 52
                                    

[Unicode]

မနက်က မဖြစ်မနေသွားရမယ့် အလုပ်ကိစ္စပေါ်လာတာမို့ ကိုယ့်ရင်ဘတ်ပေါ်မှာ အိပ်နေတဲ့ယောလ်ငယ်လေးကို ကုတင်ပေါ်ကိုအသာချကာ အိပ်စေလိုက်သည်...

ပုံမှန်ဆိုရင် ယောလ်ငယ်လေးနိုးမှ သူရောအတူတူထပြီး မျက်နှာသစ် သွားတိုက် ရေချိုးတာကအစအကုန်လုပ်ပေးနေကျ ဖြစ်သော်လည်း ဒီနေ့ကိစ္စက မသွားရင်မဖြစ်တာမို့ ထွက်လာခဲ့ရခြင်းသာ... စိတ်ထဲမှာတော့ အိပ်ရာထလာရင် ဂျီကျပြီး ငိုနေမယ့်ယောလ်ငယ်မျက်နှာလေးကိုမြင်မိပြီး ပူလောင်ခြင်းတို့ကအစိုးရနေပြီ...

သို့ပေမယ့် မဖြစ်တာကြောင့် ယောလ်ငယ်ရဲ့နဖူးလေး‌ပေါ်ကိုအနမ်းတစ်ပွင့်ခြွေကာ အိမ်ရှေ့ကိုထွက်လာခဲ့သည်... သို့ပေမယ့် အိမ်ရှေ့ကိုရောက်တဲ့အချိန် ကားပေါ်တက်ခါနီးမှာ လက်ကိုလာချိတ်တဲ့လက်တစ်ဖက်ကြောင့် နဂိုကတည်းက ပူလောင်နေတဲ့စိတ်တို့က ချက်ချင်းပင်ထပေါက်ကွဲချင်လာသည်...

"မင်းလက်ကို လွှတ်လိုက်ရင်ကောင်းမယ် အိုဆယ်ဟီး!!!"

"ဟာ... You ကလည်း အဲ့လောက်ကြီး တို့အပေါ်ကိုမကြမ်းတမ်းပါနဲ့ကွာ..."

အသံကိုက ပုစဉ်းနှာချေနေတဲ့အသံနဲ့မိန်းမ...
ဒီတစ်ခါလည်း ဘာတွေလာပွားပြန်ပြီမသိ...

"မင်းအပေါ်ကိုမှကြမ်းတမ်းတာမဟုတ်ဘူး!!!
တခြားသူတွေပေါ်လည်း မနူးညံ့တတ်ဘူးဆိုတာ မင်းမေ့နေတာလား အိုဆယ်ဟီး!!!"

လက်မောင်းကိုလာချိတ်ထားတဲ့လက်တို့ကို ဖြုတ်ချကာ ကားပေါ်တက်မည်လုပ်ပြီးမှ သူရှိရာဘက်ကို ခေါင်းလှည့်ပြီး....

"အာ....... မင်း!! ငါရဲ့နာမည်ကိုမေ့နေပြီးထင်တယ်... အဟက်!! ငါပြန်ပြောပြမယ်... သေ ချာ နား ထောင်!!

G O D OF C R U E L T Y!!!

Do you understand, Miss Oh Se Hee??"

[God of cruelty = ရက်စက်ခြင်းနတ်ဘုရား]

"ကျွန်မသိပါတယ်... ဒါပေမယ့် ရှင့်ကို ကျွန်မအပေါ်ကိုတိမ်းညွတ်လာအောင် ကျွန်မကြိုးစားမယ်ဆိုရင်ရော??"

တန်းခနဲပြန်ပြောလာတဲ့ သူမရဲ့စကားတွေက တခြားသူတွေအတွက်တော့ သတ္တိရှိ‌လိုက်တာလို့ထင်ချင်ထင်နေလိမ့်မယ်... ဒါပေမယ့် ကျုပ်အတွက်ကပြက်လုံးတစ်ခုအပြင်မပိုတာတော့အမှန်...

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now