[Unicode]
"Kim Jongin!! လာစမ်းလို့ခေါ်နေတယ်လေ!!"
ဓားတစ်ချောင်းနဲ့ကုတင်ပေါ်ကဆင်းလာတဲ့အဖေက Jongin ဆီကိုတစ်လှမ်းချင်းလျှောက်လာနေပြီ... တံခါးကိုဖွင့်ပေမယ့် တုန်ယင်နေတဲ့လက်တို့ကြောင့် ပွင့်မလာခဲ့...
"မလာဘူး... အားးးးးးးးး"
လက်မောင်းတစ်ဖက်ကနေ ဆွဲယူခံလိုက်ရတဲ့အသိနဲ့အတူ လူက ကြမ်းပြင်ပေါ်ကိုတရွတ်တိုက်ပါသွားခဲ့သည်...
"မလုပ်ပါနဲ့...
တောင်းပန်ပါတယ်...
သားကိုမသတ်ပါနဲ့"တဖွဖွတောင်းပန်နေပါသော်လည်း ဓားကမြောက်ပြီး ကိုယ့်ဆီကိုဦးတည်လာတဲ့အခိုက်မျက်လုံးအစုံကိုအတင်းအကျပ်မှိတ်ချပစ်လိုက်သည်...
"ပြေး.. ပြေး.. ပြေးတော့.."
အဖေ့ရဲ့လည်ပင်းကို နောက်ကျောဘက်ကနေ လက်မောင်းနဲ့သိုင်းပြီးညှစ်ထားတဲ့ အမေ့ရဲ့နှုတ်ခမ်းဖျားက စကားသံ...
အဖေရဲ့လက်ထဲကဓားကတော့ ကြမ်းပြင်ပေါ်ကိုလွတ်ကျသွားပြီး သူ့ရဲ့လည်ပင်းကိုညှစ်ထားတဲ့ အမေ့ရဲ့လက်တို့ကို အတင်းဆွဲဖယ်နေသည်...
"သွားတော့!!"
ရှိသမျှအားနဲ့ပြောနေတဲ့ အမေ့ရဲ့အမိန့်သံမှာ အံကြိတ်သံတို့အနည်းငယ်ရောစွက်နေသည်... အဖေ့ရဲ့နီရဲနေတဲ့မျက်လုံးတွေနဲ့ စူးရဲတဲ့အကြည့်တွေ... ကြောက်လန့်တဲ့စိတ်တွေကြီးစိုးနေပြီး လှုပ်ရှားလို့မရနိုင်ဖြစ်နေတဲ့ခန္ဓာကိုယ်က အရင်အတိုင်း ကြမ်းပြင်ပေါ်မှာလဲကျလျက်သာ...
"သွား! သွား!"
နာကျင်မှုတို့ရောယှက်နေတဲ့အသံက အသိစိတ်တို့ကို ပွင့်လာစေတဲ့အခါမှ ကျောက်ချထားသလိုဖြစ်နေတဲ့ခြေထောက်တို့ကို မနည်းကုန်းရုန်းထစေပြီး တံခါးဖွင့်ကာ အခန်းထဲကထွက်လာခဲ့သည်...
"ဟိုကလေး!! ပြန်လာခဲ့!!"
တံခါးပြန်မပိတ်ခင် ကြားလိုက်ရတဲ့ အဖေ့ရဲ့အော်သံနက်ကြီးကြောင့် တံခါးအလွန်မှာ Jongin ဖင်ထိုင်လျက်သားလဲကျသွားသည်...
ခြေထောက်လေးတွေကိုအနည်းငယ်အလုပ်ပေးလိုက်တော့ ကြမ်းပြင်ပေါ်မှာ တရွတ်တိုက်နောက်ဆုတ်သွားရုံသာဖြစ်လာသည်...
နောက်ဆုတ်ရင်း ကျောပြင်နဲ့စားပွဲနဲ့တိုက်မိတဲ့အခါ နောက်ဆုတ်စရာလမ်းမရှိတော့...
YOU ARE READING
❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁
Fanfiction꧁ Chanyeol is uke ꧂ ༆Ⓚ︎Ⓐ︎Ⓘ︎Ⓨ︎Ⓔ︎Ⓞ︎Ⓛ︎༆ ⚠︎If you don't like this otp, you don't read this fiction. ⚠︎M- preg⚠︎ 🌠Started in June 6, 2020🌠 🌠End in January 3, 2021🌠 ပန်းလေးလိုနူးညံ့တဲ့ ကလေးတစ်ယောက်ကိုမှချစ်မိခဲ့တာ ကိုယ့်အပြစ်မဟုတ်ဘူး ယောလ်ငယ်ရေ...