22🌺

459 51 64
                                    

[Unicode]

"ယောလ်ငယ်ရေ~~~
ကိုယ့်ရဲ့ကြောင်ပေါက်လေးရေ~~~~
ဘယ်မှာပုန်းနေတာလဲကွာ.....
ကိုယ်အရှုံးပေးပြီးမို့ ထွက်ခဲ့ပါတော့ကွာ.....
ကိုယ့်ကို မပုန်းပါနဲ့တော့...
ကိုယ်လေ ယောလ်ငယ်မရှိဘဲမနေတတ်တာမို့ ထွက်ခဲ့ပါကွာ... ကိုယ်တောင်းပန်ပါတယ်"

Yixing ဆေးရုံကဖုန်းလာတာမို့ အပြင်ကိုခဏထွက်ဖုန်းပြောပြီ အထဲကိုပြန်ဝင်လာတော့ ဒူးထောက်ပြီး အော်ဟစ်နေတဲ့ Jongin...

"Jongin.. မင်း ဒဏ်ရာကြီးနဲ့ကို အိပ်ယာထဲမှာလှဲနေတာမဟုတ်ဘူးကွာ..."

ခေါင်းငိုက်စိုက်ကျနေရာက မော့ကြည့်လာတဲ့ မျက်ဝန်းတွေမှာ တွဲ‌ခိုနေတဲ့မျက်ရည်စတွေ...

"Lay.. ငါ့ရဲ့ယောလ်ငယ်ကိုခေါ်ပေးစမ်းပါကွာ... ယောလ်ငယ်လေးက ငါ့ကိုပုန်းနေတာကွ... ငါအရှုံးပေးပြီလို့ပြောပေး.. ငါ့ကိုထွက်တွေ့လို့ရပြီလို့ပြောပေး.. ငါသူ့ကိုအရမ်းတွေ့ချင်နေတယ်လို့... ဖက်ထားချင်တယ်လို့ပြောပေးစမ်းပါကွာ.."

ရင်ထဲမှနာကျင်မှုကြောင့် ပွင့်ထွက်လာခဲ့တဲ့ စကားသံတချို့ဟာ အက်ကွဲကွဲနဲ့ ပြတ်ဝောာင်းပြတ်တောင်း... ကြားရသူရဲ့ ရင်ခွင်ကို ဓားတုံးတုံးနဲ့ထိုးခွဲနေသလိုဘဲဆိုတာ အကြင်သူမသိလေရော့သလား...

"Jongin.. မင်းဘာတွေပြောနေတာလဲ.. မင်းရဲ့ကလေးကဘယ်မှာပုန်းနေလို့လဲ... ငါဒီကိုလာတုန်းကတောင် မင်းဘေးမှာရှိနေသေးတာကို.."

"ငါ့ဘေးမှာ..?"

အနည်းငယ်ကျယ်လာတဲ့မျက်ဝန်းအစုံဟာ အံ့ဩနေဟန်...

"ဟုတ်တယ်လေ.. ခုနကတောင် မင်းဘေးမှာရှိနေသေးတယ်... ငါ မင်းသတိလစ်နေတုန်းက ဖုန်းပြောနေမလို့ထွက်လာတော့တောင် မင်းရဲ့လက်ကိုကိုင်ပြီးငိုနေသေးတာ.. ဒါပေမယ့်.."

မျှော်လင့်ချက်တွေနဲ့ မျက်ဝန်းညိုတစုံဟာ ဆက်ပြောမယ့်စကားကို ‌စောင့်စားနေဟန်...

"ဒါပေမယ့် မင်းရဲ့ကလေးက ထူးဆန်းနေတယ်ကွ.."

Yixing ကို ကိုယ်ရံတော်တစ်ယောက် အသည်းအသန်လာခေါ်တာကြောင့် ကားနဲ့လိုက်လာခဲ့ခြင်းပင်... သခင်ကြီးထိခိုက်မိလို့ သခင်လေးကငိုနေတယ်ဆိုတဲ့စကားကိုကြားပြီးနောက်မှာ ဆေးအိတ်တွေကို အကုန်ကောက်ထည့်ကာ လိုက်လာခဲ့သည် မဟုတ်လား

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now