3🌺

530 65 2
                                    

[Unicode]

At November 27.....

ကျွန်တော် လူ‌တွေရဲ့ရှုပ်ထွေးပွေလီမှုတွေကိုမမြင်ချင်တာကြောင့် ပါတီပွဲထဲကထွက်လာခဲ့သည်....

လည်ပင်းက တင်းကျပ်လှသည့် နက်ကတိုင်ကိုဖြေလျော့ပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်.....

လရောင်အောက်က မြူနှင်းဖွေးဖွေးတွေကြားမှာ ဆော့ကစားနေတဲ့ကလေးငယ်တစ်ယောက်ကိုတွေ့လိုက်တယ်....

ကလေးငယ်!? ကလေးငယ်လို့ခေါ်ဖို့ဆိုတာဖြစ်နိုင်ပါ့မလား....အတိအကျပြောရရင် ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်နဲ့ကောင်လေးတစ်ယောက်.....ဝတ်ထားတဲ့အဝတ်‌တွေကိုကြည့်ရတာ ခရစ်စမတ်ဘိုးဘိုးပေါက်စလေးလိုဘဲ....

ခေါင်းပေါ်မှာလဲ ခရစ်စမတ်ဦးထုပ်အနီရောင်‌လေးကိုဆောင်းထားတာဆိုတော့ မြင်လိုက်တဲ့လူတိုင်းက ဆန်တာပေါက်စလေးလို့ဘဲထင်မှာ....

မြူနှင်းတွေကြားထဲမှာ ခုန်ပေါက်ဆော့ကစားနေတဲ့ ကောင်လေးရဲ့ပုံရိပ်ကအရမ်းလှလွန်းတယ်....ကျဆင်းလာတဲ့နှင်းဖြူဖြူတွေကို သူ့ရဲ့လက်သွယ်သွယ်လေးတွေနဲ့ခံပြီး ဆော့ကစားနေတဲ့ ကောင်ငယ်လေးကိုမြင်လိုက်ရတဲ့ အခိုက်အတန့်မှာ ကျွန်တော့်ရဲ့နှလုံးခုန်သံတွေမြန်လာတယ်.....

K ဆိုတဲ့ကျွန်တော်က နှလုံးသားဆိုတဲ့အရာကို အသက်ရှင်ဖို့အတွက်လောက်ဘဲ သုံးလို့ရခဲ့တယ်လို့ထင်မှတ်ခဲ့တာ....

ဒီလိုနှလုံးခုန်သံတွေမြန်လာတာကို လူတွေက ရင်ခုန်တယ်လို့ သုံးနှုန်းကြတာလား....

အဟက်! ပြီးတော့ဘာတဲ့!? အချစ်ဝတ္တုတွေမှာတွေ့ရတဲ့ ' မင်းလေးကိုတွေ့ရင် ရင်ခုန်တာမြန်လာတယ် ' တို့ ဘာတို့ ညာတို့ဆိုတာတွေကိုလည်း စာရေးဆရာတွေရဲ့ ယုံတမ်းစကားလို့ဘဲထင်မှတ်ခဲ့တာ.....

ကိုယ်တော့ဝဋ်လည်နေတာထင်ပါရဲ့....

မင်းလေးနဲ့တွေ့မှ ကိုယ့်ရဲ့ယူဆချက်တွေက တက်တက်စင်အောင်ကို လွဲနေခဲ့မှန်းသိခဲ့ရတယ်.....

စာရေးဆရာတွေရဲ့ယုံတမ်းစကားတွေဟာ ကိုယ့်အတွက်အမှန်တကယ်ဖြစ်လာခဲ့ပြီ....

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now