𝐵𝑎𝑏𝑦 𝐿𝑜𝑜𝑘 𝐿𝑖𝑘𝑒 𝐴 𝐹𝑙𝑜𝑤𝑒𝑟 - 𝐴🌺

410 34 31
                                    

[Unicode]

ချုပ်ရိုးဖြည်‌ပြီးရင် ဆေးရုံကဆင်းလို့ရပြီဟု ဆရာဝန်ကပြောသော်လည်း Jongin ရဲ့စိတ်မချမှုကြောင့် ဆေးရုံပေါ်တွင် တစ်လလောက်ကြာသွားခဲ့သည်... အခုဆင်းလာတာတောင်မှ စိတ်ချချင်သေးတာမဟုတ်.. ယောလ်ငယ်လေးက အိမ်ပြန်ချင်တယ်လို့ အတင်းပူဆာ၍သာ ပြန်လာရခြင်းဖြစ်သည်...

Koey လေးက Jongin လက်ထဲမှာ..
Seojin မောင်းတဲ့ကားရဲ့နောက်ခန်းထဲကနေ ယောလ်ငယ်နဲ့အတူတူ ဖြစ်သည်...

Loey လေးက Yixing ရဲ့ကားထဲက ကလေးထိန်းအန်တီကြီးလက်ထဲမှာ..

ဒီအမြွှာတွေနဲ့ဆိုတော့ ကလေးထိန်းမငှားလို့လဲမရတော့... မဟုတ်ရင် Kim Jongin တစ်ယောက် ကလေးသုံးယောက်ထိန်းပြီး အသက်ထွက်မယ့်ကိန်းပင်...

Seojin ရဲ့လူတွေကတော့ Jongin တို့ကားအရှေ့နဲ့ Yixing ရဲ့ကားအနောက်မှာ ကပ်လိုက်လာကြသည်...

အိမ်ရှေ့ရောက်တော့လည်း ကားတောင်မရပ်သေး.. ယောလ်ငယ်လေးက အိမ်ပြန်ရောက်၍မြူးနေလေတော့ Jongin မှာ ရင်တထိတ်ထိတ်...

"ယောလ်ငယ်... ဖြည်းဖြည်းလျှောက်.."

ကားရပ်ပြန်တော့လည်း ကားတံခါးဖွင့်ကာ အတင်းဆင်းပြေးမယ်လုပ်နေတဲ့ယောလ်ငယ်ကြောင့် Jongin နည်းနည်းအသံမာလိုက်ရသေးသည်...

"ကိုယ်ချီသွားတာဘဲကောင်းပါတယ်"

" အဲ့.. "

‌စွေ့ခနဲနေအောင်ပွေ့ချီလိုက်တာမို့ လက်ထဲကိုပါလာတဲ့ကလေးငယ်က အလန့်တကြားမျက်နှာလေးနဲ့..

"လူကြီး... Baby လေးကရော.."

"Seojin ဆီမှာလေ... မင်းလေးက အိမ်ထဲကို ပြေးဝင်ဖို့ချောင်းနေတာမလား.. ပြေးလို့မရအောင်လို့ ကိုယ်ချီလာတာလေ"

"ဟာ....."

"မဟာနဲ့.. မင်းလေးသာတစ်ခုခုဖြစ်ရင် ကိုယ်ရင်ကျိုးရမှာ သိလား"

"ဟွန့်..!"

စိတ်ဆိုးတာ အသံ‌လေးထွက်ပြီး ရင်ခွင်ထဲမျက်နှာဖွက်တဲ့ ယောလ်ငယ်..

"ဗိုက်မဆာဘူးလား...
ဘာစားမလဲ...
ကိုယ်ဘာလုပ်ပေးရမလဲ"

"မုန့်စားမယ်.."

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now