9🌺

373 53 4
                                    

[Unicode]

"လူကြီးလို့...."

"လူကြီးရေ....."

"လူကြီးရေလို့...."

အခန်းထဲက ဆိုဖာပေါ်ထိုင်ပြီး Laptop တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ ကိုယ့်အနောက်ကနေ လည်ပင်းကိုသိုင်းဖတ်ပြီးတော့ လူကြီးဆိုတာကို တစ်နေကုန် ပေါက်ပေါက်ဖောက်နေပါသော ယောလ်ငယ်လေး....
ဘာတွေပူဆာပြန်ဦးမလဲ ‌နားထောင်ကြည့်ကြသေးတာပေါ့....

"ကဲ...ပြောပါဗျာ~~~ကိုယ့်ရဲ့ယောလ်ငယ်လေး"

ပြန်ဖြေမိလိုက်တာနဲ့ ခန္ဓာကိုယ်လေးက လျင်မြန်စွာ ပေါင်ပေါ်ကို ရောက်လာသည်....

ယောလ်ငယ်လေးသည် ကျွန်တော့်ပေါင်ပေါ်မှာ မျက်နှာချင်းဆိုင်ခွထိုင်ရတာကို အတော်နှစ်သက်တဲ့ပုံ....အမြဲတမ်း မျက်နှာချင်းဆိုင်ပြီး ခွထိုင်သည်....

ပြီးရင် ခါးကိုတင်းကျပ်နေအောင်ဖက်ပြီး မျက်နှာလေးကို ရင်ဘတ်ပေါ်တင်ထားတတ်တယ် ...အဲ့လိုနေပြီး တစ်မိနစ်လောက်နေတာနဲ့ အိပ်ပျော်သွားတာဘဲ....

"လူကြီး....ဟီး....ဟိုလိုလုပ်ရအောင်"

"ဟင်!! ဘယ်လိုတုန်း ယောလ်ငယ်လေးရဲ့"

"ရုပ်ရှင်ထဲကလိုလေ...ဟီးဟီး"

"ဘယ်ရုပ်ရှင်တုန်း!?"

"လာ! ယောလ်ငယ်လိုက်ပြမယ်!"

ကိုယ့်ပေါင်ပေါ်ကထပြီး လက်ဆွဲခေါ်‌တဲ့
ယောလ်ငယ်ရဲ့အနောက်ကို လိုက်ရတော့သည်....

ကျွန်တော့်ရဲ့ယောလ်ငယ်လေးက သူ့ကိုယ်သူ ယောလ်ငယ်ဆိုတဲ့နာမ်စားကို သုံးနေပြီ....
ဟိုသေနတ်ပစ်ခံရတဲ့ကိစ္စပြီးလို့ သတိပြန်ရလာတဲ့အချိန်ကတည်းက ယောလ်ငယ်‌ဆိုတဲ့နာမ်စားလေးကို သုံးခဲ့တာ...

' Daddy ဆီပြန်ပို့ ' ဆိုတဲ့စကားကိုလည်း ဟိုတစ်ခေါက်ကဘဲပြောသည်....နောက်တစ်ခါထပ်မပြောတော့....

ယောလ်ငယ်ခြေလှမ်းတို့ရပ်သွားရာ TV ရှေ့ကိုအရောက် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မျက်လုံးတို့ ပြူးကျယ်ကုန်သည်....

ယောလ်ငယ်က ဒါမျိုးကို လုပ်ချင်တာတဲ့လား....

TV မှာ လာနေတဲ့ရုပ်ရှင်က မင်းသားနဲ့မင်းသမီးချစ်တင်းနှောနေတဲ့အခန်း....

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now