26🌺

269 51 58
                                    

[Unicode]

ဗိုက်လေးကတဖြည်းဖြည်းပူလာတာကြောင့် အရင်ကဝယ်ပေးထားတဲ့အင်္ကျီလေးတွေနဲ့မတော်တော့တဲ့ပန်းလေးကို Sehun ရဲ့ရှပ်အင်္ကျီတွေကိုဘဲ ဝတ်ပေးထားရသည်...

အခုလည်း Sehun ရဲ့ရှပ်အင်္ကျီအဖြူရောင်ပွပွထဲမှာ မြှုပ်နေတဲ့ကလေးငယ်ဟာ အသည်းယားစရာအတိ...

မုန့်ထုပ်ကြီးကိုပိုက်ပြီး ကာတွန်းကားကြည့်နေတဲ့ပန်းလေးဟာ ပါးစပ်ထဲကိုမုန့်တွေအပြည့် ထိုးသိပ်ထားလို့ ဖောင်းနေတဲ့ပါးလေးကလည်း အူယားစရာ...

ပါးစပ်ထဲက မကုန်သေးဘဲ မုန့်ထုပ်ထဲကိုထပ်နှိုက်နေပြန်တဲ့ လက်ဖောင်းဖောင်းတုတ်တုတ်လေးတွေကလည်း မြတ်နိုးဖွယ်ရာအတိ...

ဒီကိုစရောက်ခါစက ဘာမှကျွေးလို့မရပေမယ့် သုံးလလောက်ကြာတော့ အစားနဲ့ပါးစပ်မပျက်တဲ့ ပန်းလေးကြောင့် Sehun အံ့ဩမိသည်...

တခြားပုံမှန်ကိုယ်ဝန်ဆောင်တွေထက်ကို ပိုပြီးပူနေတဲ့ ပန်းလေးရဲ့ဗိုက်လုံးလုံးလေးက အဆက်မပြတ်စားတာတွေရော ကလေးလေးရောပေါင်းပြီး ငါးလဗိုက်‌လေးကဒီလောက်ပူနေတာဖြစ်ရမည်...

"ကလေးလေး ထမင်းစားရအောင်နော်"

"ဟင့်အင်း စားချင်ဝူး"

ပါးစပ်ထဲက မုန့်ပလုပ်ပလောင်းနဲ့ ပက်ခနဲပြန်ပြောလာတဲ့ ပန်းလေးရဲ့စကားတွေဟာ ဗလုံးဗထွေး...

ဟက်ဟက်! တကယ့်ကလေးလေးပါကွာ...

"ကလေးရယ်... မစားလို့မရဘူးလေ...
မစားရင် ဗိုက်ထဲကကလေးလေးက ထွက်မလာဘဲနေလိမ့်မယ်"

Sehun ‌ဆိုသည်မှာ ပန်းလေးကိုနိုင်တဲ့နည်းတစ်ခုတွေ့ထားသည်လေ...

"ထပ်စားရင် ချန်းဗိုက်ကြီးပေါက်ထွက်တော့မှာ... ဗိုက်ဆာမှစားမယ်လေနော်"

မျက်လုံးလေးတွေကလည်ကလည်နဲ့ သနားစရာရုပ်ကလေးလုပ်ပြီးပြောလာတဲ့အခါ နောက်ဆုံးတော့လည်း ပန်းလေးရဲ့ချစ်စရာကောင်းမှုတွေကို မနေနိုင်တဲ့ Sehun ကဘဲ အလျှော့ပေးလိုက်ရသည်...

ပန်းလေးတကယ်ဗိုက်မဆာသေးတာနေမှာပါ... မဟုတ်ရင် ဒီလိုခေါ်စရာတောင်မလိုတာကို Sehun မေ့သွားတယ်... နောက်နေ့တော့ ဒီမုန့်ထုပ်တွေဖွက်ထားဦးမှပါ...

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now