18🌺

390 49 110
                                    

[Unicode]

မနက်ခင်း မျက်လုံးနှစ်လုံးပွင့်တဲ့အခါ လက်မောင်းပေါ်က ခေါင်းလုံးလုံးလေးကြောင့် စိတ်လိုလက်ရပြုံးလိုက်မိသည်..

ညကအဖြစ်အပျက်ကိုတွေးမိတော့ ‌စိတ်ကျေနပ်မှုတွေအစား စိုးရိမ်မှုတွေသာကြီးစိုးလာခဲ့သည်... သူဘယ်လောက်ဘဲထိန်းခဲ့ထိန်းခဲ့ ‌ဒီဖြစ်စဉ်မှာ တစ်ယောက်ကတော့အနာခံရစမြဲမလား... ယောလ်ငယ်လိုနုနယ်တဲ့ ကလေးလေးက သူ့ကိုအလိုလိုက်ပေးတာကိုဘဲ ကျေးဇူးတင်ရမှာ...

ရင်ခွင်ထဲက လိုအပ်တာထက်ပိုပြီးပူနွေးနေတဲ့အထိအတွေ့ကြောင့် နဖူးလေးပေါ်လက်တင်လိုက်မိတော့ သေချာသွားပြီ...
ယောလ်ငယ်လေးဖျားနေပြီ...

ဟာ... ငါ့ကြောင့်ကွာ... ဘယ်လိုဘဲဖြစ်ဖြစ် ငါထိန်းခဲ့ရမှာ... အခုတော့ ယောလ်ငယ်လေး နာကျင်မှု‌တွေခံစားရပြီး ဖျားနေပြီ... ကိုယ့်ကိုဘဲအကုန်ပေးလိုက်ပါလား... ယောလ်ငယ်လေးခံစားနေရတာတွေ ကိုယ့်အကုန်ယူ‌ချင်တာ... ကိုယ့်ကိုသာပေးလိုက်ပါလားကွာ...

Jongin ကိုယ့်နှုတ်ခမ်းကိုကိုက်ခဲထားတာ သွေးများပင်ထွက်လာသည်အထိ... ယောလ်ငယ်လေးတောင်ခံစားနေရတာ သူလည်းဒီလောက်ဝောာ့ နာကျင်သင့်တယ်မလား...

"လူကြီးရေ~~~~"

ရင်ခွင်ထဲကယောလ်ငယ်လေးဆီက တုန်ယင်‌တဲ့အသံတိုးတိုးလေးက ရင်ကိုမီးစနဲ့ထိုးနေသလိုပါဘဲ...

"ချမ်းလိုက်တာ~~~"

ခါးကိုသိုင်းဖက်လာတဲ့ပူကျစ်နေတဲ့ လက်လေးတွေ... ရင်ဘတ်ကို လာရိုက်ခတ်တဲ့ ဝင်သက်ထွက်သက်လေပူ‌တွေ...

"လူကြီး!! သွေးတွေထွက်နေပြီ... အဲ့လိုကြီးကိုက်မထားနဲ့လေ"

ရင်ခွင်ထဲကနေ မော့ကြည့်လာတဲ့မျက်နှာလေးမှာ စိုးရိမ်မှုတွေပြည့်နှက်နေတဲ့မျက်ဝန်းလေးတွေ... ကိုက်ခဲထားတဲ့ကျွန်တော့်ရဲ့နှုတ်ခမ်းပေါ်ကိုရောက်လာတဲ့ လက်လေးတစ်ဖက်က နှုတ်ခမ်းတွေကိုဖြေလျော့ပေးတဲ့အခါ...

"လူကြီးနာရင် ယောလ်ငယ်ရဲ့ဒီနားလေးကလည်းနာတယ်"

သူ့ဘာသာဘယ်ဘက်ရင်အုံထက်ကို လက်ညှိုးထိုးပြပြီး ပြောလာတဲ့စကားလေးတစ်ခွန်းကြောင့် ဖြစ်ပေါ်နေတဲ့ဒေါသတို့က ရေလောင်းခံလိုက်ရတဲ့ မီးတောက်ငယ်ပမာ ချုပ်ငြိမ်းသွားခဲ့ရသည်...

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now