6🌺

439 55 1
                                    

[Unicode]

အိမ်သို့ရောက်သည်နှင့် ကိုယ့်ရင်ခွင်ထဲမှာ အိပ်ပျော်နေသော‌ယောလ်ငယ်ကို ပွေ့ချီကာ အိမ်ထဲသို့ဝင်လာခဲ့သည်...

အရင်က K အတွက် အိမ်ဆိုတာ မီးဆိုင်းတွေနဲ့ အလှဆင်ထားတဲ့နေရာတစ်နေရာ ၊ သူပင်ပန်းရင် နားဖို့နေရာတစ်ခု ၊ အပြစ်လုပ်တဲ့လူတွေနဲ့သစ္စာ‌ဖောက်‌တွေကို အပြစ်ပေးရာနေရာတစ်ခုအပြင်မပိုခဲ့....အိမ်ဆိုတဲ့အရာဝတ္တုက ပကာသနတစ်ခုသာသာဘဲ.... အိမ်ဆိုတဲ့ပကာသနက အလှဆင်ထားတဲ့အိပ်စရာနေရာလောက်ဘဲ တန်ဖိုးရှိခဲ့တာ....

အာ....မှားသွားတာ...ကျွန်တော့်ဘဝမှာတန်ဖိုးရှိတဲ့သူဆိုလို့ ယောလ်ငယ်လေးဘဲရှိတာ....
ဘယ်အရာဝတ္တု ဘယ်သူ့ကိုမှ တန်ဖိုးမထားခဲ့ဘူး....ယောလ်ငယ်နဲ့တွေ့မှတန်ဖိုးသိတတ်လာတာဘဲဖြစ်မှာပေါ့.....

အခန်းထဲရောက်တော့ ပွေ့ချီထားတဲ့ ယောလ်ငယ်ကို ကုတင်ပေါ်အသာအယာချပေးလိုက်သည်....

မိမိကိုယ်ပေါ်တွင် ကိုအာလာဝက်ဝံလေးလိုကပ်နေတဲ့ယောလ်ငယ်က ကိုယ့်ခါးပေါ်မှာ တွယ်ချိတ်ထားတဲ့လက်တွေကို အ‌လွတ်မပေးဘဲ တစ်ဖက်နဲ့တစ်ဖက်ကိုင်ပြီး တင်းကျပ်နေအောင်ချိတ်ထားတာကြောင့် ကိုယ့်ရဲ့ခန္ဓာကိုယ်က ကုတင်ပေါ်ကယောလ်ငယ်ကိုယ်လေးပေါ်မှာအုပ်မိုးရက်သားဖြစ်နေသည်.....

လက်နှစ်ဖက်ကို ဖြုတ်ချပြန်တော့လည်း အတင်းဖက်ထားတဲ့‌ယောလ်ငယ်ကြောင့် ဖြုတ်လို့မရပြန်...

ကိုယ့်အားနဲ့ ဇွတ်အတင်းဆွဲဖြုတ်ရင်ရပေမယ့် ယောလ်ငယ်လက်နုနုလေးတွေ နာသွားမှာစိုးရိမ်သည်....

ကိုယ်ကကုတင်ပေါ်ကိုလှဲအိပ်လိုက်ရင် ခါးမှာချိတ်ထားတဲ့ ယောလ်ငယ်လက်လေးတွေ ကိုယ့်ခန္ဓာကိုယ်နဲ့ပိပြီးနာသွားလိမ့်မယ်....

ယောလ်ငယ်ကိုနှိုးလိုက်ရင်လည်း ကိုယ့်ရဲ့ယောလ်ငယ်လေး အိပ်ရေးပျက်သွားလိမ့်မယ်....

မထူးပါဘူးလေ.....
.
.
.
.
.
.
.
.
.
.
.
.
.
.
မနက်မိုးလင်းတော့ မြင်လိုက်ရတဲ့ ရင်ဘတ်ပေါ်က ကိုအာလာလေးကြောင့် ခါးဆီကနာကျင်နေတဲ့ခံစားချက်တွေက ဆေးကူစရာမလိုဘဲ ယူပစ်သလိုပျောက်ကွယ်သွားသည်....

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now