𝐵𝑎𝑏𝑦 𝐿𝑜𝑜𝑘 𝐿𝑖𝑘𝑒 𝐴 𝐹𝑙𝑜𝑤𝑒𝑟 - 𝑋🌺

327 46 51
                                    

[Unicode]

"လူကြီး~~~"

ကဲ! စပါပြီဗျာ...
မိုးလင်းလို့မျက်လုံးနှစ်လုံးပွင့်တာနဲ့ "လူကြီး~~~" ဆိုတဲ့ခေါ်သံလေးကိုအရင်ကြားရတယ်...

ရက်တွေကြာတော့ အဲ့ဒီခေါ်သံလေးကိုမှမကြားရရင် မထချင်တော့ဘူး...

"လူကျိ... လူကျိ... လူကျိ... ဟိဟိ"

ရင်ခွင်ထဲကနေ လှုပ်လှုပ်လှုပ်လှုပ်နဲ့အကောင်ပေါက်လေးက ရင်ခွင်ထဲကို သူ့ခေါင်းလုံးလုံးလေးကိုမရမကထိုးပြီး အတင်းတိုးဝင်နေတော့တာပါဘဲ...

အရင်ကတစ်ကိုယ်လုံး ရင်ခွင်ထဲကိုမြုပ်နေအောင်တိုးဝင်တတ်တဲ့အကောင်ပေါက်လေးက အခုတော့ဗိုက်ပူလုံးလေးကြောင့် ရင်ခွင်ထဲမြုပ်အောင် တိုးဝင်၍မရတော့ ခေါင်းလေးသာအတင်းတိုးနေတော့သည်...

"လူကြီးရေ~~~
လူကြီး... လူကျိရေ~~~"

လူကြီးဆိုတာကို အသံအနိမ့်အမြင့်မျိုးစုံနဲ့ခေါ်နေပြီး သီချင်းလုပ်ဆိုနေပြန်တဲ့ ယောလ်ငယ်ကြောင့် ရင်ခွင်ထဲကနှလုံးသားတစ်နေရာက မရိုးမယွနဲ့ ယားကျိယားကျိဖြစ်လာသည်...

"အိပ်နေတာကို ရင်ဘတ်ထဲကိုဘယ်ကကြောင်ပေါက်လေးတိုးနေပါလိမ့်..?"

"လူကျိ... ခ်ခ်.. ယူကျိ.."

"တကျိကျိနဲ့...
ဘယ်က စာကလေးပေါက်စတုန်းကွာ"

"ဟွင့်! စာကလေး ဟုတ်ပါပု...
ယောလ်ငယ်ပါဗျ... လူကျိရဲ့ ယောလ်ငယ်"

ယောလ်ငယ်လေးဆိုသည်မှာလည်း သူ့ကို ကြောင်ပေါက်လေးတို့ ခွေးပေါက်လေးတို့ အဲ့လိုနာမည်လေးတွေခေါ်ရင်ကြိုက်ပေမယ့် ကျန်တဲ့နာမည်ခေါ်တာနဲ့ရန်ထောင်တော့တာဘဲ...

"အာ... ကိုယ့်ရဲ့ယောလ်ငယ်လေးလား...
မသိပါဘူးကွာ... တကျိကျိနဲ့ဆိုတော့ စာကလေးပေါက်စတစ်ကောင် ရင်ထဲတိုးနေတယ်မှတ်လို့"

"ခ်ခ်... လူကျိ.. လူကျိ.. လူကျိ.."

မျက်လုံးဝိုင်းဝိုင်းလေးတွေမှိတ်ကျပြီး ပါးမို့လေးတွေလုံးတက်လာတဲ့အထိ တခစ်ခစ်ရယ်နေတဲ့ယောလ်ငယ်ရဲ့အပြုံးတွေဟာ မနက်ခင်းရဲ့နေရောင်ခြည်နုနုထက်တောင် ပိုလှပသည်...

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now