14🌺 Unicode

380 40 15
                                    

[Unicode]

အကုန်ပြင်ဆင်ပြီးတဲ့အချိန်မှာ အိပ်ပျော်နေတဲ့ယောလ်ငယ်လေးကို ထိုင်ကြည့်နေမိသည်...

ကော့ညွတ်နေတဲ့ မျက်တောင်ရှည်ရှည်‌‌လေးတွေနဲ့ ဇင်‌ယော်‌တောင်ပံလို လှပတဲ့မျက်ခုံးလေးတွေမှာ ကိုယ်နှလုံးသားလေးလဲပြိုတယ်...

လှပတဲ့မျက်ဝန်းလေးတွေကို ဖုံးအုပ်ထားတဲ့ မျက်ခွံလှလှလေးတွေ....

နှာတံစင်းစင်းလေးရဲ့အဆုံးက နှာခေါင်းလုံးလုံးလေး...

ပြုံးလိုက်တိုင်း ဖောင်းလာတဲ့ ပါးမို့မို့လေးနှစ်ဖက်က ကိုယ့်ရဲ့နှုတ်ခမ်းတွေနားခိုရာ...

ရယ်လိုက်တိုင်းပေါ်လာတဲ့ ပါးချိုင့်နက်နက်လေးက ကိုယ့်ရဲ့မြတ်နိုးခြင်းတွေ ကျရှုံးတဲ့နေရာ...

လှပသေသပ်တဲ့ နှုတ်ခမ်းဖူးဖူးလေးတွေက နှင်းဆီပွင့်ချပ်လေးတွေလိုနူးညံ့တယ်...

နားရွက်ကားကားလေးတွေက ကမ်းစပ်ကိုတိုက်စားတဲ့ ဒီရေ‌တွေလိုဘဲ ကိုယ့်နှလုံးသားကမ်းပါးကို ပျက်စီးအောင်တိုက်စားတတ်တယ်...

ယောလ်ငယ်ရေ~~~~~
ကိုယ်လည်း ယောလ်ငယ်လေးနဲ့တွေ့မှ လောကကြီးရဲ့အလှတရားတွေကိုမြင်လာတတ်ခဲ့ပြီ... ကိုယ့်အတွက် အရင်က အကျည်းတန်မှုတွေဘဲရှိခဲ့တဲ့ သဘာဝတရားကြီးက အဆုံးမရှိနိုင်တဲ့အလှအပတွေကို သိလာခဲ့ပြီ....
.
.
.
.
.
.
.
.
.
.
အတွေးတွေလွန်နေပြီး ယောလ်ငယ်ရဲ့ မျက်နှာနုနုလေးကို လက်လှမ်းလိုက်တဲ့အချိန်မှာ ဖုံးအုပ်ထားတဲ့ တိမ်ပါးလေးတွေ လှုပ်ရှားလာပြီး လင်းလက်လာတဲ့ကြယ်လေးနှစ်ပွင့်ကို မြင်လိုက်ရတဲ့ ခဏတာ....

"ကိုယ့်ရဲ့ kitty လေး နိုးပြီလား"

"ဟီး... လူကြီး... ယောလ်ငယ်ကိုချီ"

ပါးချိုင့်လေးနဲ့ ဖြူဖွေးနေတဲ့ သွားလေးတွေပေါ်အောင်ရယ်ပြလာပြီး လက်လေးနှစ်ဖက်ကို ဆန့်တန်းကာ ချီခိုင်းလာတဲ့ ယောလ်ငယ်လေး....

"ကဲဗျာ! ကိုယ့်ရဲ့ကြောင်ပေါက်လေးကို ချီရမှာပေါ့"

"အွန်း အွန်း အွန်း"

ကုတင်ဘေးမှာထိုင်နေရာကနေ မတ်တပ်ရပ်ကာ လက်ကိုလှမ်းလိုက်တဲ့အခါမှာ အိပ်နေရာကနေ ကုန်းရုန်းထပြီး ကိုယ်ပေါ်ကို အတင်းတွယ်တက်သည်....

❁𝓑𝓪𝓫𝔂 𝓛𝓸𝓸𝓴 𝓛𝓲𝓴𝓮 𝓐 𝓕𝓵𝓸𝔀𝓮𝓻❁Where stories live. Discover now