#Unicode
ဦးမင်းခန့် ဆရာ ဦးမင်း နှောင်နဲ့ ချိန်းထားတဲ့ Night Barကို နာရီဝက်ထက်ပိုပြီးတော့ အစောကြီးရောက်နေ ခဲ့တယ်....
ဆရာ ဆိုပေမယ့် တကယ်တော့ ဦးမင်းနှောင်နဲ့ ဦးမင်းခန့် တို့က အသက် (၅)နှစ်လောက်ဘဲ ကွာကြတာ ပါ...
ဆရာ မင်းနှောင် က ဦးမင်းခန့် မဟူရာ ဂိုဏ်းမှာအလုပ်လုပ်တုန်းကခေါင်းဆောင်ပါ...
(အဲဒါအကြောင်းတွေကို နောက်ကြောင်းပြန်တဲ့အချိန် မှဘဲ ရေးလိုက်တော့မယ်နော် မဟုတ်ရင် နှစ်ခါဖြစ်နေမှာဆိုးလို့)
ဦးမင်းခန့် Barရဲ့ ကားရပ်တဲ့နေရာမှာ ရပ်ထားလိုက်ပြီး ဦးမင်းနှောင်ဆီဖုန်းလှမ်းဆက်လိုက်တယ်....
ဆရာ ကျတော် Barအောက်မှာရောက်နေပြီ .... အေး ငါ အခုမင်းကိုကြိုဖို့လူလွှတ်လိုက်မယ်..
ဟုတ်ကဲ့လို့ပြောမလို့ရှိသေးတယ် တဖက်က ဖုန်းချသွားတယ်...
ဦးမင်းခန့် ကားထဲကနေ Night Bar ကိုလှမ်းကြည့်လိုက်ပြီး......
စိတ်ထဲကနေ ဒီရဲ့ Bar က အပြင်ကနေကြည့်ရင် သာမန်Bar တွေလို့ဘဲ ထင်ရပေမယ့်တကယ်တော့ Barရဲ့ အလယ်နဲ့ထိပ်ဆုံးထပ်မှာကမူးယစ်ဆေးရောင်းတဲ့လူ/ သုံးတဲ့လူ /လိင်ဆက်ဆံနေတဲ့လူတွေ /ကျွန်ရောင်း ကျွန်ဝယ် ဆိုတာထက်ကိုယ်နဲ့တူတူလိင်ဆက်ဆံချင်တဲ့လူတွေကို ဝယ်လို့ရတဲ့နေရာလို့ပြောရင်ပိုပြီးတော့မှန်မယ်.....ဟုဦးမင်းခန့်တွေးလိုက်မိတယ်.....
ဒီ Bar ကလည်းဦးမင်းနှောင် ပိုင်တဲ့ အဆောက်အုံ တွေထဲကတစ်ခုဘဲ.....လို့ဦးမင်းခန့်တစ်ယောက်ထဲပြောနေလိုက်တယ်
ထိုအချိန် Barထဲကနေထွက်လာသော လူနှစ်ယောက်ခန္ဓာကိုယ်တောင့်တင်းပြီး အနက်ေရာင် ဝတ်စုံ ကို ဝတ်ထားတဲ့ ထိုလူနှစ်ယောက် သည် ဦး မင်းခန့် ကားရပ်ထားတဲ့နေရာ ကိုလျှောက်လာ ခဲ့တယ်.....
ထိုအချိန် ဦးမင်းခန့် ကားထဲကနေ ထွက်လာပြီး.... ကျတော် တို့ကို သူဌေး ဦးမင်းနှောင်လွှတ်လိုက်တာပါ ကျတော်တို့ နောက်လိုက်ခဲ့ပါလို့...
ပြောပြီး ထိုလူနှစ်ယောက် အရှေ့ကနေ Bar ထဲကို အရင်ဝင်သွားလိုက်တယ်....
YOU ARE READING
ဦးရဲ့ကလေးငယ်💓💓
Lãng mạnဒါက ကျနော်ရဲ့ ပထမဦးဆုံး OC Fic ဖြစ်တဲ့အတွက်လို အပ်ချက်များစွာ ရှိနေပါတယ် ကျနော်အကောင်းဆုံးကြိုးစားပြီးတော့တင်ပေးပါ့မယ် ဒါကြောင့် သည်းခံပြီးတော့ ကျနော်ရဲ့ Fic လေးကိုဖတ်ပေးကြဖို့ မျှော်လင့်ပါတယ်🙏🙏❤️