ဦးရဲ့ကလေးငယ်❤EP-23❤

4.5K 177 25
                                    

#Unicode

အလင်းရောင် ဦးကို ကြည့်နေသည်မှာ ကြာနေပြီ
စံအိမ်ကနေ ထွက်လာကထဲက ဘာစကားမှလည်းမပြောဘဲ
ကားကိုသာဂရုစိုက်မောင်းနေသော ဦး
အခုဘယ်ကိုသွားနေသည်ကိုလည်းမပြောပြတာကြောင့်ဘေးကနေ သာ အလင်းရောင် တိတ်တိတ်လေးထိုင်ကာ လိုက်လာခဲ့ရသည်

ကလေး ပင်လယ်စာ စားချင်လား

ဟင်

ကလေးက မနက်စာ မစားရ​သေးဘူးဆိုတော့
ဦးပြောတာက ကလေး ပင်လယ်စား စာမှာလား ဒါမှမဟုတ် ကလေး ဘာစားချင်လဲလို့မေးတာ

ကလေးက ကိုရီးယားပဲခေါက်ဆွဲစားချင်တာ

စားချင်တာပြောပြီးခေါင်းပြန်ငုံ့သွားသော ကလေးကြောင့် ရှိုင်း ရင်ထဲမှာ ထိုကလေးရဲ့ပုံစံကို အူးယားနေမိသည်

လမ်းတလျှောက်လုံး ထိုကလေးသူ့ကိုကြည့်နေသည်ကို သိပေမယ့် ရှိုင်း မသိသလိုဖြင့်သာဟန်ဆောင်ကာ
ကားကိုသာ အာရုံစိုက်ပြီး မောင်းနေကာ
ထိုကလေး သူ့ကိုအရင်စကားပြောလာမယ့်အချိန်ကိုစောင့်နေပေမယ့် ထိုကလေးကတော့ တဖက်ကိုသာလှည့်သွားတာကြောင့် ရှိုင်းမနေနိုင်ဘဲမေးလိုက်ချင်းဖြစ်သည်

ရှိုင်းမျက်ခုံးတစ်ဖက်ပင့်လိုက်ကာ
Ok ဦး ကို ကလေး စားချင်တဲ့ဆိုင်ရဲ့လိပ်စာပြောဦးလိုက်ပို့ပေးမယ်

ရှိုင်းရဲ့စကားကြောင့်
ခေါင်းပြန်ထောင်လာကာ သူ့ကိုမျက်လုံးအဝိုင်းသားလေးနဲ့​ပြူးကြည့်လာတဲ့ကလေးပုံစံက ဘယ်လိုပြောရမလဲ
ရှိုင်းကဘဲ ကးေလစားချင်သည့်အရာကို ခွင့်မပြုပေးတော့မယ် ဟု ထင်နေသည့်ပုံစံပင်ဖြစ်နေသည်

အဲ​လောက်ထိမရိုးသားပါနဲ့ကလေးရာ
ပြီးတော့အဲလောက်ထိ ချစ်ဖို့ကောင်း​အောင်မနေပါနဲ့ မဟုတ်ရင် ဦး ပိုင်ဆိုင် ထားသမျှအရာအားလုံးနဲ့ကလေးကို ဦးဘဝထဲက ထွက်ပြေးဖို့မစဥ်းစားရဲလောက်သည်အထိ ချုပ်နှောင်မိသွားမှာဆိုးလို့

ရှိုင်း သူ့ကို ကြောင်ကြည့်နေသော ကလေးရဲ့ခေါင်းလေးကိုပုတ်လိုက်ကာ ကလေးဦးကို ဆိုင်လိပ်စာပြောလေ ကလေးတနေ့လုံးလမ်းပေါ်မှာ​ေ နဖို့စဥ်းစားထားတာတော့မဟုတ်ပါဘူးနော်

ဦးရဲ့ကလေးငယ်💓💓Where stories live. Discover now