ဦးရဲ့ကလေးငယ်❤️Ep-12❤️

4.2K 210 15
                                    

#Unicode

  " ရှိုင်း တို့ရဲ့ကားသည် နှစ်နာရီလောက်ကြာတော့   တောအုပ်ထဲမှာ ရှိတဲ့ မဟူရာစံအိမ်ဆိုတဲ့ ခြံဝင်းအကျယ်ကြီးထဲကိုရောက်လာခဲ့တယ်.."

   *ဒီနေရာလေးက ရှိုင်းရဲ့ အဖိုး ပိုင်ဆိုင်ခဲ့တဲ့ နယ်မြေတွေထဲက တစ်ခု ဖြစ်တဲ့ အတွက်ဒီနေရာကို အာဏာပိုင်အရာရှိတွေတောင် မထိရဲပေ ..*

   ** .ဒီစံအိမ်ကတောအုပ်ထဲမှာရှိတဲ့ အတွက် ဒီနေရာကို ရှိုင်းရဲ့လူတွေကလွှဲလို့  အပြင်လူတွေ ဘယ်သူမှ သိနိုင်မည်မဟုတ်ပေ..**

   "ဒါပေမယ့် ဒီစံအိမ်ကြီးသည် လွန်ခဲ့တဲ့ ၁၅နှစ်မှာဘဲ  မတော်တဆမီးလောင်သွားခဲ့ပြီးရှိုင်း ရဲ့အဖိုးနဲ့အဖွား မီးလောင်ပြီး   သေ ဆုံးခဲ့သည့်နေရာပင်...."

  "နှစ် အနည်းငယ် ကြာတော့ ရှိုင်း စံအိမ်ကို အရင်တုန်းကနဲ့တစ်ပုံစံထဲ တူအောင် ပြန်လုပ်ခဲ့ပေမယ့် မတူညီတော့တာက ဒီစံအိမ်က ရှိုင်းရဲ့ လက်နက်နဲ့မူးယစ်ဆေးတွေကို သိုလှောင်ထားတဲ့ ဂိုထောင်တစ်ခုအဖြင့် ဖြစ်တည်လာခဲ့ချင်းပင်  .."

  "ဦးနိုင် သည် ရှိုင်းတို့ရဲ့  ကားခြံဝင်းထဲကို ဝင်လာကထဲကအိမ်တံခါးရှေ့ကနေရပ်ပြီး ရှိုင်း ကိုကြိုဆိုနေတယ်..."

" ထို့နောက် ရှိုင်းတို့ရဲ့ ကား သူ့ရှေ့မှာ ရပ် လိုက်တော့  ဦးနိုင် ရှိုင်း ထိုင်နေတဲ့ ဘက်က ကားတံခါးကို ဖွင့်ပေးလိုက်ပြီး ဘေးမှာ အစောင့်တွေနဲ့ အတူ ရပ်လိုက်တယ်...."

    "ရှိုင်း  ကားပေါ်က ဆင်းလာတော့ ဦးလေးနိုင် အပါအဝင် ထိုအိမ်ကြီးမှာ ရှိကြတဲ့ သူတွေ အကုန်လုံးသည် ရှိုင်းရဲ့ဘေးတစ်ဖက်တချက်ဆီမှာ ခေါင်းလေးငုံ့ ပြီး အရိုအသေ ပေးကြတယ်....."

     "ရန်နိုင်   ခဏနေမှ ထိန်းချုပ်ခန်းထဲကို ငါ လာခဲ့မယ် အဲလူတွေကို အပစ်နည်းနည်းလေးပေးထားလိုက် သေအောင်တော့မလုပ်နဲ့နော်....ဆိုပြီး ရှိုင်းမဲ့ပြုံးလေးနဲ့ပြုံးလိုက်တယ်..."

   "ရန်နိုင်  Boss  ဘာကိုဆိုလို မှန်းဆိုတာ  Bossဆီမှာ အချိန်အကြာကြီးနေခဲ့တာ ကြောင့် တစ်ခါထဲ သိလိုက်တယ် Bossက ထိုလူတွေကို  မသေရုံတမယ် ကြာပွတ်နဲ့ ရိုက်ခိုင်းတယ်ဆိုတာသိတာကြောင့်  Bossရဲ့ရှေ့မှာခေါင်းငြိမ့်လိုက်ပြီး လူတစ်ချို့ကိုခေါ်ကာ ထိန်းချုပ်ခန်းသို့  သွားလိုက်တယ်...."

ဦးရဲ့ကလေးငယ်💓💓Where stories live. Discover now