ဦးရဲ့ကလေးငယ်❤️ Ep-9❤️

4.1K 211 6
                                    

#Unicode

ဆေးရုံ တစ်ခုရဲ့ VVIP အခန်းတစ်ခုထဲတွင်

"ရှိုင်း Babyရဲ့ ကုတင်ဘေးနားမှာရှိတဲ့ ဆိုဖာထိုင်ခုံပေါ် ဝင်ထိုင်ရင်း ဘေးနားမှာ မတ်တပ်ရပ်နေသောရန်နိုင်ကိုကြည့်လိုက်တယ်.....

ရန်နိုင်ရဲ့ ပုံစံက ရှိုင်းကို တစ်ခုခုပြောချင်နေတဲ့ပုံစံဖြစ်တာကြောင့်....ရှိုင်းစကားအရင်စလိုက်တယ်....

"ရန်နိုင် အရင်တစ်ခေါက် ငါစုံစမ်းခိုင်းထားတဲ့ မျက်နှာဖုံးအဖွဲ့အကြောင်း သိရပြီလား......."

"ဟုတ် ကျွန်တော် Bossကိုပြောမလို့ပါဘဲ....သခင်လေး တိမ်ယံကိစ္စနဲ့ ရှုပ်သွားလို့မပြောဖြစ်တာပါ......"

"ကျနော် နဂါးမျက်နှာဖုံးအဖွဲ့ကိုစုံစမ်းကြည့်တော့ အဲအဖွဲ့က. ပေါ်လာတာက တစ်နှစ်လောက်ဘဲရှိသေးပေမယ့်........"

"အဲအဖွဲ့မှာရှိတဲ့ လူတွေက. သူတို့ရဲ့လက်အောက်မှာရှိတဲ့တခြားဂိုဏ်းတွေကို နိုင်ထက်စီးနှင်းလုပ်ထားကြတော့ သူတို့လက်အောက်မှာရှိတဲ့ဂိုဏ်းတွေနဲ့ သဘောထားချင်းကွဲလွဲနေကြတယ် Boss....

"သူတို့ မျက်နှာဖုံး ဂိုဏ်းထဲမှာ ရှိတဲ့လူတွေအကုန်လုံး က ရက်စက်ယုတ်မာကြပြီးကလေး လူကြီးမရွေး အကုန်သတ်ဖြတ်ရဲတဲ့ ကြေးစားလူသတ်သမားတွေကိုဘဲ အဓိကအဖြစ်သူတို့အဖွဲ့ထဲမှာ ထားထားတယ်...... လို့ ကျနော် သတင်းရထားတယ်.....Boss...

ပြီးတော့ အခု လက်ရှိ တရုတ်ပြည် ပေကျင်းမြို့မှာ မျက်နှာဖုံးအဖွဲ့ရဲ့ခေါင်းဆောင် ရှိနေတယ်လို့....... ပေကျင်းမြို့မှာရှိတဲ့ ကျနော်တို့လူတွေ သတင်းပို့လာပါတယ် Boss......

ရန်နိုင်ပြောတာတွေကို ရှိုင်းနားထောင်နေရင်း.....သူတို့ခေါင်းဆောင်က ပေကျင်းမှာရှိနေတယ်ဆိုတဲ့စကားကိုကြားတော့ ရှိုင်းတစ်ချက်တွေးလိုက်ပြီး......

အာ့ဆို မင်းပြောချင်တာက သူတို့ခေါင်းဆောင် ကတရုတ်လူမျိုးလား.....အဲဒါဆိုအဲလို လူမျိုးတွေက ငါနဲ့ ဘာရန်ငြိုးရှိနေလို့လဲ ငါ့ရဲ့လုပ်ငန်းတွေမှာ လိုက်နှောင့်ယှက်နေရတာလဲ.....

ရှိုင်းသည် အသံကိုအေးဆေးစွာပြောနေပေမယ့်..... နားထောင်နေတဲ့ရန်နိုင်အဖို့ ....

ဦးရဲ့ကလေးငယ်💓💓Where stories live. Discover now